Connect with us

Africa & Middle East

အာဖဂန်နစ္စတန်နိုင်ငံ ကန်ဒါဟာမြို့တွင် ရွေးကောက်ပွဲနေ့၌ ဖြစ်ပွားသည့် ပေါက်ကွဲမှုတွင် လူ ၁၄ ဦးဒဏ်ရာရ

အာဖဂန်နိုင်ငံ ရွေးကောက်ပွဲတွင် ဆန္ဒမဲပေးနေသူတစ်ဦးအား တွေ့ရစဉ် (ဆင်ဟွာ)

ကန်ဒါဟာ၊ အာဖဂန်နစ္စတန်၊ စက်တင်ဘာ ၂၈ ရက် (ဆင်ဟွာ)

အာဖဂန်နစ္စတန်နိုင်ငံ တောင်ပိုင်း ကန်ဒါဟာပြည်နယ်မြို့တော် ကန်ဒါဟာတွင် စက်တင်ဘာလ ၂၈ ရက်၌ ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ရာ အရပ်သား ၁၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း တာဝန်ရှိသူတစ်ဦးက ပြောကြားလိုက်သည်။

ပေါက်ကွဲမှုဖြစ်ပွားရသည့် အကြောင်းရင်းအား စုံစမ်းစစ်ဆေးနေဆဲဖြစ်ကြောင်း ပြည်နယ် ရဲတပ်ဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဂျမယ်လ် ဘာရစ်ဇိုင် (Jamal Barikzai) က ပြောခဲ့သည်။ကန်ဒါဟာမြို့ ပထမရဲခရိုင်ရှိ မဲရုံတွင်တစ်ခုတွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ လုံခြုံရေးတပ်ဖွဲ့ဝင် တစ်ဦးအပါအဝင် ၁၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း အမည်မဖော်လိုသူ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

အာဖဂန်နိုင်ငံတွင် သမ္မတသစ်ရွေးကောက်ပွဲအတွက် စက်တင်ဘာလ ၂၈ ရက် ဒေသစံတော်ချိန် နံနက် ရး၀၀ နာရီမှ မွန်းလွဲ ၃း၀၀ နာရီအထိ လုံခြုံရေးတင်းကြပ်စွာချထားလျက် မဲပေးပိုင်ခွင့်ရှိသူ ၉.၄ သန်းကျော်က ဆန္ဒမဲများ ပေးလျက်ရှိကြောင်း သိရသည်။သမ္မတရွေးကောက်ပွဲတွင် လက်ရှိသမ္မတ မိုဟာမက် အက်ရှ်ရက်ဖ် ဂါနီ (Mohammad Ashraf Ghani) နှင့် အစိုးရအဖွဲ့ အမှုဆောင်ချုပ် အဗ္ဗဒူလာ အဗ္ဗဒူလာ (Abdullah Abdullah) တို့အပါအဝင် ကိုယ်စားလှယ်လောင်း ၁၈ ဦး  ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.