Connect with us

Africa & Middle East

လစ်ဗျားနိုင်ငံ တောင်ပိုင်းအတွင်း IS စစ်သွေးကြွများကို အမေရိကန်က လေကြောင်းမှတိုက်ခိုက်

လစ်ဗျားလုံခြုံရေးတပ်ဖွဲ့ဝင်များအားတွေ့ရစဉ် (ဆင်ဟွာ)

ထရီပိုလီ၊ စက်တင်ဘာ ၂၆ ရက် (ဆင်ဟွာ)

လစ်ဗျားနိုင်ငံတွင် ကုလသမဂ္ဂကျောထောက်နောက်ခံရှိ အစိုးရနှင့် ညှိုနှိုင်းနေစဉ်အတွင်း လစ်ဗျားနိုင်ငံတောင်ပိုင်း Murzuqမြို့အနီးတွင် IS စစ်သွေးကြွများကို အမေရိကန်က လေကြောင်းတိုက်ခိုက် သတ်ဖြတ်ခဲ့ကြောင်း အမေရိကန်ပြည်ထောင်စု၏ အာဖရိကစစ်တိုင်း(AFRICOM)က စက်တင်ဘာ ၂၅ ရက်က ပြောကြားခဲ့ကြောင်း သိရသည်။

အမျိုးသားအဆင့်နှင့်အညီ လစ်ဗျားအစိုးရနှင့် ညှိုနှိုင်းနေစဉ်အတွင်း အမေရိကန်ပြည်ထောင်စု၏ အာဖရိကစစ်တိုင်းက Murzuqမြို့အနီးရှိ IS လစ်ဗျားစစ်သွေးကြွများအား ရည်ရွယ်ပြီး လေကြောင်းတိုက်ခိုက်မှုကို စက်တင်ဘာ ၂၄ ရက်က ပြုလုပ်ခဲ့ကြောင်း AFRICOMထုတ်ပြန်ချက်အရ သိရသည်.

 

အဆိုပါ လေကြောင်းတိုက်ခိုက်မှုသည် IS စစ်သွေးကြွများ ချေမှုန်းရန်သာဖြစ်၍ လစ်ဗျားပြည်သူများအပေါ် တိုက်ခိုက်မှုများလုပ်ဆောင်ခဲ့ခြင်းမရှိကြောင်း AFRICOM၏ စစ်ဆင်ရေးဒါရိုက်တာ William Gaylerက ပြောသည်။

 

လေကြောင်းတိုက်ခိုက်မှုအတွင်း စစ်သွေးကြွ ၁၁ ဦးသေဆုံးပြီး အရပ်သား ထိခိုက်သေဆုံးမှုမရှိခဲ့ကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

Murzuqမြို့အနီး ပြီးခဲ့သည့်ရက်ပိုင်းအတွင်း လေကြောင်းတိုက်ခိုက်မှုကြောင့် IS စစ်သွေးကြွ ၈ဦးသေဆုံးခဲ့ကြောင်း AFRICOMကဆိုသည်။

 

၂၀၁၈ ခုနှစ် ဒီဇင်ဘာလအတွင်း လစ်ဗျားအနောက်တောင်ပိုင်းတွင် လေကြောင်းတိုက်ခိုက်မှုကြောင့် အယ်လ်ကိုင်းဒါး ၁၁ဦးသေဆုံးပြီး ယာဉ် ၃စီးပျက်စီးခဲ့ကြောင်း AFRICOMက ထုတ်ပြန်ထားသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.