Connect with us

Africa & Middle East

အာဖဂန်နစ္စတန်နိုင်ငံ နန်ဂါဟာပြည်နယ်တွင် အိုင်အက်စ်အဖွဲ့ဝင် ၂၄၁ ဦး လက်နက်ချ

အာဖဂန်နစ္စတန်နိုင်ငံ ကူးနားပြည်နယ်တွင် ဩဂုတ်လက အစိုးရထံ အိုင်အက်စ်အဖွဲ့ဝင်များ လက်နက်ချခြင်း အခမ်းအနားအား တွေ့ရစဉ် (ဆင်ဟွာ)

ဂျလာလာဘတ်၊ အာဖဂန်နစ္စတန်၊ နိုဝင်ဘာ ၁၆ ရက် (ဆင်ဟွာ)

အာဖဂန်နစ္စတန်နိုင်ငံ အရှေ့ပိုင်းတွင် အမျိုးသား၊ အမျိုးသမီးနှင့် ကလေးငယ်များ အပါအဝင် အိုင်အက်စ်အဖွဲ့ဝင်နှင့် သစ္စာခံ ၂၄၁ ဦးသည် အစိုးရထံ လက်နက်ချခဲ့ကြောင်း နိုဝင်ဘာ ၁၆ ရက်၌ စစ်တပ်က ထုတ်ပြန်သည့် ကြေညာချက်အရ သိရသည်။

“ပြီးခဲ့တဲ့ ၃ ရက်အတွင်း အက်ချင်ခရိုင်နဲ့ မိုမန်ဒါရာခရိုင်တွေမှာ အမျိုးသား ၇၁ ဦး၊ အမျိုးသမီး ၆၃ ဦးနဲ့ ကလေး ၁၀၇ ဦး စုစုပေါင်း အိုင်အက်စ်အဖွဲ့ဝင်နှင့် သစ္စာခံ ၂၄၁ ဦးက ဒေသခံအာဏာပိုင်များထံ လက်နက်ချခဲ့ကြတယ်” ဟု ကြေညာချက်၌ ဖော်ပြထားသည်။၎င်းတို့က လုံခြုံရေးတပ်ဖွဲ့ဝင်များထံ လက်နက်မျိုးစုံ ၆၇ ခုကျော် လွှဲပြောင်းပေးအပ်ခဲ့ကြောင်း ကြေညာချက်အရ သိရသည်။

အာဖန်နစ္စတန်နိုင်ငံ အရှေ့ပိုင်း၌ လွန်ခဲ့သည့်နှစ်နှစ်အတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်များထံ လက်နက်ချဝင်ရောက်ခဲ့သည့် စစ်သွေးကြွအရေအတွက်မှာ ယခုအကြိမ်သည် ပမာဏအများဆုံးဖြစ်ကြောင်း တာဝန်ရှိသူများက ဆိုသည်။နန်ဂါဟာပြည်နယ်နှင့် အနီးဝန်းကျင်ရှိ ကူးနားနှင့် နူရီစတန် ပြည်နယ်များတွင် လှုပ်ရှားနေသည့် အိုင်အက်စ်အဖွဲ့ကမူ အဆိုပါ သတင်းနှင့်ပတ်သက်၍ မှတ်ချက်ပြုပြောကြားထားခြင်းမရှိပေ။ (Xinhua) 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.