Connect with us

Africa & Middle East

အစ္စရေး နိုင်ငံ ဒုံးကျည် အစင်း ၂၀၀ ခန့် ဖြင့် တိုက်ခိုက်ခံရ

နိုဝင်ဘာ ၁၂ ရက် တွင် အစ္စရေး နိုင်ငံ ဒုံးကျည် အစင်း ၂၀၀ ခန့် ဖြင့် တိုက်ခိုက်ခံရစဉ်(ဆင်ဟွာ)

ဂျေရုစလမ် ၊ နိုဝင်ဘာ ၁၃ ရက် (ဆင်ဟွာ)

ပါလက်စတိုင်း Islamic Jihad အဖွဲ့အစည်း အဆင့်မြင့် တပ်မှူး Bahaa Abu al-Ata နိုဝင်ဘာ ၁၂ ရက် ၌ ဗုံးကျဲ သတ်ဖြတ်ခံရမှု အား တုန့်ပြန်သည့် အနေဖြင့် ဂါဇာ ဒေသ လက်နက်ကိုင် အဖွဲ့အစည်း က အစ္စရေး နိုင်ငံ အား ဒုံးကျည် အစင်း ၂၀၀ ခန့် ဖြင့် ပြန်လည် တိုက်ခိုက်မှု ဆောင်ရွက်ခဲ့သည်။

အစ္စရေး နိုင်ငံ စစ်ဘက်ဆိုင်ရာ က နိုဝင်ဘာ ၁၂ ရက် ညနေပိုင်း အချိန် ၌ ထုတ်ပြန် ခဲ့သည့် ကြေညာချက် တွင် အစ္စရေး နိုင်ငံ အား ဂါဇာ ဒေသ မှ ပစ်ခတ်သော ဒုံးကျည် အစင်း ၁၉၀ ကျော် ဖြင့် တိုက်ခိုက်ခြင်း ခံခဲ့ရကြောင်း ၊ ဒုံးကျည်များ အနက် တစ်ဝက် ခန့် က လူသူကင်းမဲ့ရာ နေရာ သို့ ကျရောက် ခဲ့ပြီး ဆယ်နှင့်ချီသော ဒုံးကျည်များ ကို အောင်မြင်စွာ ပစ်ချ နိုင်ခဲ့ကြောင်း ထုတ်ပြန် ခဲ့သည်။

ဒုံးကျည်များ ဖြင့် တိုက်ခိုက်ခြင်း ခံခဲ့ရသောကြောင့် အစ္စရေး နိုင်ငံ တောင်ပိုင်း နှင့် အလယ်ပိုင်း ဒေသ ရှိ ကျောင်းများ အား ပိတ်ခဲ့ရပြီး ရထား ပြေးဆွဲမှုများကို လည်း ရပ်တန့်ခဲ့ကြောင်း ၊ ဂါဇာဒေသ လက်နက်ကိုင် အဖွဲ့အစည်း ၏ နောက်ဆက်တွဲ တိုက်ခိုက်မှုများအား ကာကွယ်ရန် အတွက် အစ္စရေး နိုင်ငံ က နိုင်ငံ တောင်ပိုင်း နှင့် ဂါဇာဒေသ နှင့် ထိစပ် သည့် နေရာ များသို့ တင့်ကား နှင့် သံချပ်ကာ ကား များ တိုးချဲ့စေလွှတ် ခဲ့ကြောင်း သိရှိရသည်။

အစ္စရေး နိုင်ငံ က တုန့်ပြန်မှု အနေဖြင့် နိုဝင်ဘာ ၁၂ ရက် တွင် ဂါဇာဒေသ ရှိ လေ့ကျင့်ရေး ကွင်း ၊ မြေအောက် လှိုင်ခေါင်း စသည့် ပစ်မှတ်များ အား ဗုံးကျဲတိုက်ခိုက်မှု ဆောင်ရွက်ခဲ့ကြောင်း ၊ ဂါဇာ ဆေးဝါးကုသရေး ဌာန ၏ ပြောကြားချက် အရ အစ္စရေး နိုင်ငံ ၏ ဗုံးကျဲ တိုက်ခိုက်မှုကြောင့် ပါလက်စတိုင်း လူမျိုး ၁၀ ဦး သေဆုံး ခဲ့ပြီး လူအများ ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

အစ္စရေး နိုင်ငံ ဝန်ကြီးချုပ် က နိုဝင်ဘာ ၁၂ ရက် ၌ အစ္စရေး နိုင်ငံ အနေဖြင့် အစ္စရေး နှင့် ပါလက်စတိုင်း အကြား တိုက်ခိုက်မှု ကို အဆင့်မြှင့်တင်ရန် ဆန္ဒမရှိသော်လဲ ဂါဇာဒေသ လက်နက်ကိုင် အဖွဲ့အစည်း ၏ ဒုံးကျည်ဖြင့် တိုက်ခိုက်မှု အား တုန့်ပြန်ရန် ပြင်ဆင်ပြီး ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

နိုဝင်ဘာ ၁၂ ရက် ညပိုင်း အချိန် ထိ အစ္စရေး နိုင်ငံ ၏ ဂါဇာ ဒေသ အား ဗုံးကျဲ တိုက်ခိုက်ခြင်း က ဆက်လက် ဆောင်ရွက်နေပြီး ဂါဇာဒေသ လက်နက်ကိုင် အဖွဲ့အစည်း ၏ အစ္စရေး နိုင်ငံ အား ဒုံးကျည်ဖြင့် တိုက်ခိုက်မှု မှာလည်း ဆက်လက် ဆောင်ရွက်နေကာ အစ္စရေး နိုင်ငံ တောင်ပိုင်း ဒေသ တွင် လေကြောင်း ကာကွယ်ရေး သတိပေးချက် မကြာခဏ ထွက်ပေါ်နေကြောင်း သိရှိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.