Connect with us

Africa & Middle East

အာဖဂန်နစ္စတန်နိုင်ငံ မြောက်ပိုင်း ပဋိပက္ခဖြစ်ပွားမှုတွင် လူ ၂၈ ဦး သေဆုံး

- အာဖဂန်နစ္စတန်နိုင်ငံရှိ စစ်ဆေးရေးစခန်းတစ်ခုအား တွေ့ရစဉ် (ဆင်ဟွာ)

ကဘူးလ်၊ မတ် ၁၈ ရက်(ဆင်ဟွာ)

အာဖဂန်နစ္စတန်နိုင်ငံ မြောက်ပိုင်း Faryab ပြည်နယ်တွင် မတ် ၁၇ရက်က လုံခြုံရေးတပ်ဖွဲ့နှင့် တာလီဘန်လက်နက်ကိုင်များအကြား အပြန်အလှန်ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ရာ လုံခြုံရေးတပ်ဖွဲ့ဝင် ၁၃ ဦး ၊ လက်နက်ကိုင် ၁၅ ဦး သေဆုံးခဲ့ကြောင်း အာဖဂန် စစ်ဘက်ဆိုင်ရာက ယင်းနေ့တွင် ပြောကြားခဲ့သည်။

တာလီဘက်လက်နက်ကိုင်များက Faryab ပြည်နယ် အနောက်တောင်ပိုင်း Qaysar ဒေသရှိ ရဲတပ်ဖွဲ့စစ်ဆေးရေးစခန်းတစ်ခုကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုများ အပြင်းအထန်ဖြစ်ပွားခဲ့ကြောင်း ဒေသခံ အစိုးရ စစ်တပ်၏ပြောရေးဆိုခွင့်ရှိသူ Hadi Jamal က ဆိုသည်။

အပြန်အလှန်ပစ်ခတ်မှုများ နာရီနှင့်ချီဖြစ်ပွားခဲ့ရာ လုံခြုံရေးတပ်ဖွဲ့ဝင် ၁၀ ဦးနှင့် လက်နက်ကိုင် အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း Hadi Jamal ကပြောကြားခဲ့သည်။

အဆိုပါတိုက်ခိုက်မှုမှာ ၎င်းတို့၏လက်ချက်ဖြစ်ကြောင်း တာလီဘန်များက ကြေညာထားပြီး အပြန်အလှန်ပစ်ခတ်မှုများအတွင် လုံခြုံရေးတပ်ဖွဲ့ဝင် ၃၆ ဦး သေဆုံးသည်ဟု ဆိုသည်။

ယခုကာလများတွင် တာလီဘန်တို့က အာဖဂန်နိုင်ငံ နေရာအနှံ့အပြားတွင် လုံခြုံရေးတပ်ဖွဲ့များကို ဦးတည်သည့် တိုက်ခိုက်မှုများတိုးမြှင့် လုပ်ဆောင်နေကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.