Connect with us

Africa & Middle East

ဇင်ဘာဘွေ အရှေ့တောင်ပိုင်းတွင် ဆိုင်ကလုန်းမုန်တိုင်းတိုက်ခတ်မှုကြောင့် လူ ၂၄ဦးသေဆုံး

ဇင်ဘာဘွေတွင် ဆိုင်ကလုန်းမုန်တိုင်း Idai တိုက်ခတ်မှုကြောင့် ရေကြီးမှုများဖြစ်ပွားစဉ် (ဓါတ်ပုံ-အင်တာနက်)

ဟာရာရီ၊ မတ် ၁၇ ရက် (ဆင်ဟွာ)

ဇင်ဘာဘွေနိုင်ငံ အရှေ့တောင်ပိုင်း တွင် ဆိုင်ကလုန်းမုန်တိုင်း Idai တိုက်ခတ်မှုကြောင့် အနည်းဆုံး လူ ၂၄ဦးသေဆုံးခဲ့ကြောင်း အစိုးရကပြောကြားခဲ့သည်။

ပြန်ကြားရေး၊ ပြည်သူ့ဆက်ဆံရေး နှင့် အသံလွှင့်ဝန်ကြီးဌာနက သေဆုံးသူအများစုသည် Chimanimani ခရိုင်မှ ဖြစ်ကြောင်း မတ် ၁၆ ရက်တွင် တွစ်တာ၌ရေးသားခဲ့သည်။

မတ် ၁၅ရက်တွင် မြေပြိုမှုတစ်ခုဖြစ်ပွားပြီးနောက် စာသင်ကျောင်းတစ်ကျောင်းအား ပိတ်ထားစဉ် မုန်တိုင်းတိုက်ခတ်မှုကြောင့် သေဆုံးသူစာရင်းတွင် ယင်းစာသင်ကျောင်းမှ ကျောင်းသား ၂ဦးလည်းပါဝင်ကြောင်း သိရသည်။

ကယ်ဆယ်ရေးလုပ်ငန်းများ၌ စစ်တပ်ကပါ အင်အားဖြည့်ကူညီပေးနေသော်လည်း လမ်းအခြေအနေစိုးရွားမှုများကြောင့် လုပ်ငန်းများ နှောင့်နှေးကြန့်ကြာနေကြောင်း သိရသည်။

ရေကြီးမှုကြောင့် မြစ်ကမ်းပါးများ နှင့် တံတားများ ပြိုကျပျက်စီးခဲ့ကြောင်း သိရသည်။

ကုလသမဂ္ဂပြောရေးဆိုခွင့်ရှိသူတစ်ဦးက ဆိုင်ကလုန်းမုန်တိုင်း Idai တိုက်ခတ်မှုကြောင့် အနည်းဆုံး လူ ၁၂၂ဦးသေဆုံးခဲ့ပြီး မော်လဝီ နှင့် မိုဇမ်ဘစ် ရှိ လူ တစ်သန်းကျော် မုန်တိုင်းဒဏ်ခံခဲ့ရကြောင်း မတ်လ ၁၄ ရက် ကပြောကြားခဲ့သည်။ (Xinhua)