Connect with us

Africa & Middle East

အာဖဂန်နစ္စတန်နိုင်ငံ အရှေ့ပိုင်းတွင် အမျိုးသမီးပုံစံရုပ်ဖျက်ထားသော အိုင်အက်စ်စစ်သွေးကြွများ အဖမ်းခံရ

အမျိုးသမီးပုံစံဖြင့် ရုပ်ဖျက်ထားသော အိုက်အက်စ် စစ်သွေးကြွတစ်ဦးအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ဂျလာလာဘတ်၊ အာဖဂန်နစ္စတန်၊ နိုဝင်ဘာ ၇ ရက် (ဆင်ဟွာ)

အာဖဂန်နစ္စတန်နိုင်ငံ အရှေ့ပိုင်း နန်ဂါဟာပြည်နယ်တွင် ရှာဖွေမှုစစ်ဆင်ရေးတစ်ခုအတွင်း အမျိုးသမီးဝတ်စုံများ ဝတ်ဆင်ကာ ရုပ်ဖျက်ထားသော အိုင်အက်စ်စစ်သွေးကြွ ၄ ဦးအား ဖမ်းဆီးမိခဲ့ကြောင်း ပြည်နယ်အစိုးရက နိုဝင်ဘာ ၇ ရက်က ပြောကြားခဲ့သည်။

အိုင်အက်စ်တိုက်ခိုက်ရေးသမားများအား ရှင်းလင်းရန် ရှာဖွေမှုစစ်ဆင်ရေးတစ်ခုလုပ်ဆောင်နေသည့် အာဖဂန်လုံခြုံရေးတပ်သားများရှိရာ အက်ချင်ခရိုင်တွင်၌ နိုဝင်ဘာ ၆ ရက် ညပိုင်းက အာဖဂန်တပ်ဖွဲ့ဝင်များထံမှ လွတ်မြောက်ရန် အမျိုးသမီးများ၏ မျက်နှာဖုံးနှင့် အဝတ်အစားများ ဝတ်ဆင်ခဲ့ကြသော စစ်သွေးကြွ ၄ ဦး ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။

ဖမ်းဆီးခံရသူများသည် အိုင်အက်စ် စစ်သွေးကြွအုပ်စုနှင့် ဆက်သွယ်မှုရှိကြောင်း ဝန်ခံခဲ့ကြသည်။

အစိုးရဆန့်ကျင်ရေး စစ်သွေးကြွများသည် အာဖဂန်စစ်ဒဏ်ပိနေသော နယ်မြေများစွာ၌ အာဖဂန်တပ်ဖွဲ့ဝင်များထံမှ ထွက်ပြေးလွတ်မြောက်ရေး အပြင်းအထန်ကြိုးပမ်း အားထုတ်ရန် အမျိုးသမီးများ၏ အဝတ်အစားများ ဝတ်ဆင်ခြင်း သို့မဟုတ် အရပ်သားများ၏ နေအိမ်များ၌ ပုန်းအောင်းခြင်းများကို ပုံမှန်အားထားလုပ်ဆောင်လေ့ရှိကြောင်း သိရသည်။ (Xinhua)