Connect with us

Africa & Middle East

အာဖဂန်နစ္စတန်နိုင်ငံ အရှေ့ပိုင်းတွင် ကားဗုံးပေါက်ကွဲမှုကြောင့် လူ ၃၀ ဦးထက်မနည်းသေဆုံး

အာဖဂန်နစ္စတန်နိုင်ငံ မြို့တော် ကဘူးလ်တွင် ၂၀၁၈ ခုနှစ် ဇန်နဝါရီ ၂၇ ရက်က ပေါက်ကွဲမှုဖြစ်ပွားရာနေရာအား တွေ့ရစဉ် (ဆင်ဟွာ)

ပူလီအလမ်၊ အာဖဂန်နစ္စတန်၊ မေ ၁ ရက် (ဆင်ဟွာ)

အာဖဂန်နစ္စတန်နိုင်ငံ အရှေ့ပိုင်း Logar ပြည်နယ် မြို့တော် ပူလီအလမ် ရှိ ပြည်နယ်ဆေးရုံအပြင်ဘက် လူထူထပ်သောလမ်းမတစ်နေရာတွင် ဧပြီ ၃၀ ရက်က ကားဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ အရပ်သား ၃၀ ဦးထက်မနည်းသေဆုံးပြီး အခြားသူ ၇၀ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံသတင်းရင်းမြစ်တစ်ဦးက အတည်ပြုပြောကြားခဲ့သည်။

ကနဦးရရှိသော သတင်းအရ ပြည်သူများ Ramadan လအတွင်း ဥပုသ်ထွက်ပြီးနောက် မိနစ်ပိုင်းအကြာ ဒေသစံတော်ချိန် ညနေ ၆:၅၀ နာရီခန့်တွင် အသေခံဗုံးဖောက်ခွဲသူတစ်ဦးက ကားဗုံးဖောက်ခွဲခဲ့ခြင်းဖြစ်သည်ဟု အမည်မဖော်လိုသူ သတင်းရင်းမြစ်က ဆင်ဟွာသို့ ပြောခဲ့သည်။

“ဒဏ်ရာရသူတွေမှာ စိုးရိမ်ဖွယ်အခြေအနေရှိတာကြောင့် သေဆုံးသူအရေအတွက် မြင့်တက်လာနိုင်ပါတယ်။ အဓိက ပြည်နယ်ဆေးရုံရဲ့ အဆောက်အအုံနဲ့ လူနာတင်ကားတွေက ပေါက်ကွဲမှုကြောင့် ပျက်စီးသွားပါတယ်” ဟု ၎င်းက ပြောခဲ့သည်။

ကျန်းမာရေးဝန်ထမ်းများလည်း ထိခိုက်သွားခဲ့ကြောင်း၊ ပုဂ္ဂလိကဆေးရုံများနှင့် အနီးဝန်းကျင်ရှိခရိုင်များမှ ဆေးရုံကားများကလည်း ထိခိုက်သူများအား ကူညီရန်အခင်းဖြစ်ရာနေရာသို့ ချက်ချင်းရောက်ရှိလာခဲ့ကြောင်း သတင်းရင်းမြစ်က ဆိုသည်။

၎င်း၏အဆိုအရ ဒဏ်ရာရသူအများစုမှာ ယင်းနေ့အစောပိုင်းတွင် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ ဖြေဆိုရန် ရောက်ရှိလာသည့် Logar ခရိုင်များမှ ကျောင်းသားအများစုဖြစ်ပြီး ဆေးရုံအနီးရှိ စားသောက်ဆိုင်များတွင် စားသောက်ရန်နှင့် ဥပုသ်ထွက်ရန် စုဝေးနေကြခြင်းဖြစ်ကြောင်း သိရသည်။

လူသေဆုံးမှုများနှင့်ပတ်သက်၍ သတင်းအမျိုးမျိုး ထွက်ရှိနေကြောင်း၊ ဗုံးပေါက်ကွဲမှုအကြောင်း အချက်အလက်များမှာ ထွက်ရှိရန် လုပ်ဆောင်နေဆဲဖြစ်ကြောင်း သိရသည်။

ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Dastagir Nazari က သေဆုံးသူ ၅ ဦးနှင့် ဒဏ်ရာရသူ ၆၀ ဦးရှိကြောင်း မက်ဆေ့ချ်မှတစ်ဆင့် သတင်းထောက်များအား ပြောကြားခဲ့သည်။

လူနာတင်ကားများစွာကိုလည်း မြို့တော် ကဘူးလ်မှ ပူလီအလမ်မြို့သို့ စေလွှတ်ခဲ့ကြောင်း ၎င်းက ပြောခဲ့သည်။

ပေါက်ကွဲမှုကြောင့် လျှပ်စစ်မီးတိုင်များ ပျက်စီးခဲ့ပြီးနောက် ယင်းနေရာသို့ လျှပ်စစ်မီးပေးပို့မှုကို ရပ်ဆိုင်းထားခဲ့ရကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုနှင့် ပတ်သက်၍ မည်သည့်အဖွဲ့၏ လက်ချက်ဖြစ်ကြောင်း မသိရသေးပေ။ (Xinhua)
————————————
(English Version)
At least 30 killed in car bomb blast in eastern Afghanistan
Source: Xinhua| 2021-05-01 01:12:43|Editor: huaxia
PUL-E-ALAM, Afghanistan, April 30 (Xinhua) — At least 30 civilians were killed and 70 others wounded as a car bomb blast rocked a crowded road outside a provincial hospital in Pul-e-Alam, capital of Afghanistan’s eastern Logar province on Friday, a local source confirmed.
The initial information found a suicide bomber detonated the car bomb roughly at 6:50 p.m. local time, minutes after people were breaking their fast during the holy month of Ramadan, the source told Xinhua anonymously.
“The death toll may rise as many of the wounded were in critical condition. The building and ambulances of the main provincial hospital were destroyed by the force of the explosion,” he said.
Several medical personnel were also affected. Ambulances from private hospitals and nearby districts were rushing to the site to help the victims, the source said.
According to him, most of the victims were students who came from Logar districts to attend a university entrance exam earlier in the day and gathered in small restaurants around the hospital to have meal and break their fast.
There has been discrepancy reports about the casualties. Further details about the incident are still forthcoming.
Dastagir Nazari, a spokesman of the Public Health Ministry, told reporters via a message that five people were killed and 60 wounded.
He said dozens of ambulances were dispatched from national capital of Kabul to Pul-e-Alam, around 60 km south of Kabul.
The power supply was suspended in the area after the explosion damaged an electricity pole.
No group has claimed responsibility for the attack yet. Enditem
(210428) — KABUL, April 28, 2021 (Xinhua) — Damaged buses are seen at the site of a road accident in Arghandi area on the outskirts of Afghan capital city Kabul, April 27, 2021.
Seven commuters lost lives and 70 others sustained injury as two passenger buses collided outside Kabul on Monday night, Interior Ministry spokesman Tareq Arian said Tuesday. (Str/Xinhua)