Connect with us

Africa & Middle East

အစ္စရေးနိုင်ငံ မြောက်ပိုင်းတွင် ပွဲတော်လာရောက်သူများ လူအုပ်ပိ၍ လူ ၄၄ ဦးထက်မနည်းသေဆုံးပြီး ၁၀၃ ဦး ဒဏ်ရာရ

အစ္စရေးနိုင်ငံ Meron တောင်တွင် လူအုပ်ပိမှုဖြစ်ပွားရာနေရာ၌ ကယ်ဆယ်ရေးသမားများ လုပ်ငန်းဆောင်ရွက်နေကြစဉ် (ဓာတ်ပုံ- David Cohen/JINI via Xinhua)

ဂျေရုဆလမ်၊ ဧပြီ ၃၀ ရက် (ဆင်ဟွာ)

အစ္စရေးနိုင်ငံတွင် ပွဲတော်တစ်ခုသို့ လူသောင်းချီတက်ရောက်ခြင်းကြောင့် လူတိုးဝှေ့မှုဖြစ်ပေါ်ကာ ဧပြီ ၂၉ ရက် ညသန်းခေါင်ယံနောက်ပိုင်းတွင် လူ ၄၄ ဦးထက်မနည်းသေဆုံးပြီး ၁၀၃ ဦးဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံမီဒီယာက သတင်းဖော်ပြခဲ့သည်။

အဆိုပါ ဖြစ်ရပ်သည် အစ္စရေးနိုင်ငံမြောက်ပိုင်း Meron တောင်တွင် နှစ်စဉ်ပြုလုပ်နေကျ ဂျူးဘာသာဝင်များ၏ အားလပ်ရက်ဖြစ်သော Lag BaOmer နေ့အကြို ကျင်းပသည့် ပွဲတော် တစ်ခုအတွင်း ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

အစ္စရေးနိုင်ငံ Meron တောင်တွင် လူအုပ်ပိမှုဖြစ်ပွားရာနေရာ၌ ကယ်ဆယ်ရေးသမားများ လုပ်ငန်းဆောင်ရွက်နေကြစဉ် (ဓာတ်ပုံ- David Cohen/JINI via Xinhua)

ပွဲတော်တက်ရောက်သူများမှာ လူ ၁၀၀,၀၀၀ ခန့်ရှိပြီး အများစုမှာ ဘာသာရေးအစွန်းရောက် ဂျူးလူမျိုးများ ဖြစ်ကြောင်း အစ္စရေးမီဒီယာမှ ခန့်မှန်းထားချက်အရ သိရသည်။

၎င်းဖြစ်ရပ်သည် အစပိုင်းက စင်ပြိုကျမှုကြောင့် ဖြစ်ပွားခဲ့သည်ဟု ထင်မှတ်ထားခဲ့ကြသော်လည်း နောက်ပိုင်းတွင် လူတိုးဝှေ့မှုကြောင့် ဖြစ်ကြောင်း အစ္စရေး လူနာတင်ကားဝန်ဆောင်မှု Magen David Adom (MDA) က ပြောကြားခဲ့သည်။

ဒဏ်ရာရသူများအား အစ္စရေးနိုင်ငံ မြောက်ပိုင်းနှင့် ဂျေရုဆလမ်ရှိ ဆေးရုံလေးရုံသို့ ရွှေ့ပြောင်းပေးခဲ့ကြောင်း၊ အချို့ကို ရဟတ်ယာဉ်များဖြင့် ပို့ဆောင်ပေးခဲ့ကြောင်း MDA က ဖြည့်စွက်ပြောကြားခဲ့သည်။

အခင်းဖြစ်ပွားရာနေရာ၌ စေတနာ့ဝန်ထမ်းများက အသက်ကယ်နည်းများဖြင့် လူပေါင်းများစွာကို ပြုစုပေးခဲ့ကြောင်း အရေးပေါ်ကျန်းမာရေးဝန်ဆောင်မှု United Hatzalah က ပြောခဲ့သည်။ (Xinhua)
————————————
(English Version)
Festival stampede kills at least 44, injures 103 in northern Israel
Source: Xinhua| 2021-04-30 10:08:00|Editor: huaxia
JERUSALEM, April 30 (Xinhua) — At least 44 people were killed and 103 injured after midnight Thursday due to crowding at an Israeli festival attended by tens of thousands of people, local media reported.
The tragedy happened in Mount Meron in northern Israel during a festival celebrated every year on the eve of the Jewish holiday Lag BaOmer.
According to estimates by Israeli media, about 100,000 people, most of them ultra-Orthodox Jews, participated in the festival this time.
It was first speculated that the tragedy was caused by the collapse of a stand, but Israeli ambulance service Magen David Adom (MDA) later said it was caused by crowding.
The MDA added that the wounded were evacuated, some of them by helicopters, to four hospitals in northern Israel and Jerusalem.
United Hatzalah emergency medical service said that dozens of resuscitations were carried out at the site by the organization’s volunteers. Enditem
1-2-Rescuers work on the site of a stampede accident in Mount Meron, Israel, April 30, 2021. An apparent stampede occurred at an overcrowded Israeli festival after midnight Thursday, causing dozens of casualties, local media reported. The tragedy, which happened in northern Israel, left 50 people injured and around 20 in critical condition, and many people are feared dead, the Haaretz daily cited Israeli ambulance service Magen David Adom as estimating. The specific cause was not immediately clear, and initial reports pointed to a stand collapse at a concert. (David Cohen/JINI via Xinhua)