Connect with us

Africa & Middle East

အာဖဂန်နစ္စတန် တပ်သား တစ်ဦး က အမေရိကန် တပ်သား သုံးဦး ကို သေနတ်ဖြင့် ပစ်ခတ်သောကြောင့် ဒဏ်ရာ အသီးသီး ရရှိသွား

အာဖဂန် နစ္စတန် နိုင်ငံတွင်တပ်စွဲ ထားသော နေတိုး တပ်ဖွဲ့ ဝင် များအား မြင်တွေ့ရစဉ်(ဆင်ဟွာ)

ကဘူးလ် ၊ မတ် ၂၀ ရက် (ဆင်ဟွာ)

အာဖဂန် နစ္စတန် နိုင်ငံ၏ စစ်သား တစ်ဦး သည် နိုင်ငံ မြောက်ပိုင်း Helmand ပြည်နယ် ရှိ နေတိုးစစ်အခြေစိုက်စခန်းမှ အမေရိကန်စစ်သားသုံးဦးအား မတ်လ ၁၉ ရက်က သေနတ် ဖြင့် ပစ်ခတ်ခဲ့ရာ ဒဏ်ရာ အသီးသီး ရရှိသွားကြောင်း သိရသည်။

အာဖဂန် နစ္စတန် နိုင်ငံ အခြေစိုက် နေတိုးတပ်ဖွဲ့ ၏ လူမှုကွန်ရက် Twitter စာမျက်နှာတွင် အမေရိကန် တပ်သား သုံးဦး အား အာဖဂန် နစ္စတန်စစ်သား တစ်ဦးမှ သေနတ် ဖြင့် ပစ်ခတ်ခံခဲ့ကြောင်း နှင့် လက်ရှိချိန်တွင် ဒဏ်ရာရရှိထားသောအမေရိကန် စစ်သားသုံးဦးကို ဆေးကုသမှုပေးထားကြောင်း ဖော်ပြခဲ့သည်။

အာဖဂန် နစ္စတန် အစိုးရ အရာရှိ တစ်ဦးက ဆင်ဟွာ သတင်းဌာန ၏ မေးမြန်းမှု ကို ဖြေကြားရာတွင် အခင်းဖြစ်ပွားရာနေရာ သည် Helmand ပြည်နယ် Washir ဒေသတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း နှင့် ယင်း အာဖဂန် နစ္စတန် နိုင်ငံ တပ်သား သည် အခင်းဖြစ်ပွားရာ နေရာ၌ပင် ပစ်သတ်ခံလိုက်ရကြောင်း ပြောကြား ခဲ့သည်။

Helmand ပြည်နယ် သည် အာဖဂန်နစ္စတန် နိုင်ငံတွင် ဘိန်းခင်း စိုက်ပျိုးခြင်းဖြင့် နာမည်ကြီးသော ဒေသ တစ်ခု ဖြစ်ပြီး တာလီဘန် လက်နက်ကိုင် တပ်ဖွဲ့များ လှုပ်ရှားရာ ဒေသ လည်း ဖြစ်သည်။

အမေရိကန် နိုင်ငံ ဦးဆောင်သော နေတိုး တပ်ဖွဲ့သည် ၂၀၁၄ ခုနှစ် ကပင် အာဖဂန် နစ္စတန် နိုင်ငံအတွင်း စစ်ဆင်ရေး လုပ်ငန်း တာဝန်များ ပြီးဆုံးခဲ့ပြီ ဖြစ်သည် ။ သို့ရာတွင် အာဖဂန် နစ္စတန် နိုင်ငံ လုံခြုံရေး အတွက် အကြံပေးခြင်း နှင့် လေ့ကျင့်ရေး စသည့် လုပ်ငန်းများကို ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.