Connect with us

Africa & Middle East

ဂါနာ နိုင်ငံ ရှိ ခရီးသွား ဧည့်သည် များသွားလာရာ ရေတံခွန် တစ်ခု တွင် သစ်ပင် ပြိုလဲမှု ဖြစ်ပွားရာ ၁၆ ဦးသေဆုံး

ဂါနာ နိုင်ငံ Brong Ahafo ဒေသ တွင် သစ်ပင် ပြိုလဲမှု ဖြစ်ပွားခဲ့သော နေရာ အားမြင်တွေ့ရစဉ်(ဆင်ဟွာ)

အက်ခရာ ၊ မတ် ၂၀ ရက် (ဆင်ဟွာ)

ဂါနာ နိုင်ငံ Brong Ahafo ဒေသ ရှိ ခရီးသွား ဧည့်သည် များသွားလာရာ ရေတံခွန် တစ်ခု တွင် မတ်လ ၁၉ ရက်နေ့က သစ်ပင် ပြိုလဲမှု ဖြစ်ပွားခဲ့ရာ ခရီးသွား ဧည့်သည် ၁၆ ဦးသေဆုံး ခဲ့ပြီး လူပေါင်းများစွာ ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

အခင်းဖြစ်ပွားရာ Brong Ahafo ဒေသ ရှိ ရေတံခွန် သို့ ညနေပိုင်းတွင် လူအများအပြားလာရောက် လည်ပတ်ခဲ့ကြပြီး ရေတံခွန် အောက်ရှိရေကန် တွင် ရေကစားခြင်းများ ပြုလုပ်ခဲ့ကြောင်း ၊ ယင်းအချိန်မှာပင် လေပြင်းတိုက်ခတ်ခြင်း နှင့် မိုးသည်းထန်စွာ ရွာသွန်းခြင်းတို့ ဖြစ်ပွားခဲ့ကြောင်း ၊ ထိုနောက်တွင် သစ်ပင်ကြီး တစ်ပင် သည် မိုးကြိုးပစ်ခတ်ခြင်း ခံရပြီး ရေတံခွန် အောက်ရှိ ရေကန်ထဲသို့ ပြိုလဲသွားခဲ့ရာ ခရီးသွား ဧည့်သည်များအပေါ် ဖိမိခဲ့ကြောင်း ၊ ယင်းဖြစ်စဉ်ကြောင့် ခရီးသွား ၁၆ ဦး မှာ အခင်းဖြစ်နေရာ၌ သေဆုံးခဲ့ရကြောင်း ၊ သေဆုံး ခဲ့သူအများစု မှာ ရေတံခွန် သို့လာရောက် လည်ပတ်ကြသည့် ကျောင်းသား များဖြစ်ကြောင်း ရဲအရာရှိတစ်ဦး ၏ ပြောကြားချက်ကို ကိုးကား၍ ဂါနာ မီဒီယာ များက ဖော်ပြသည်။

ဒေသတွင်း ကယ်ဆယ်ရေး အဖွဲ့များက အခင်းဖြစ်ပွားရာ နေရာသို့ သွားရောက်ကာ ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း နှင့် ဒဏ်ရာရရှိသူများအား ဆေးရုံ သို့ ဆေးဝါး ကုသရန် ပို့ဆောင် ပေးနိုင်ခဲ့ကြောင်း သိရှိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.