Connect with us

Africa & Middle East

ဆီးရီးယားစစ်တပ် ရှိရာ ဧရိယာ အား လေကြောင်းစစ်ဆင်လာသည့် အစ္စရေးတိုက်လေယာဉ်များအား ဆီးရီးယားလေတပ် ပစ်ချ

ဆီးရီးယားနိုင်ငံ၏ လေကြောင်းကာကွယ်ရေး စနစ်တစ်ခုအားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

ဒမတ်စကက်၊ မတ် ၁၈ ရက် (ဆင်ဟွာ)

ဆီးရီးယားနိုင်ငံ ဟုမ်းစ်ပြည်နယ်အလယ်ပိုင်းရှိ ဆီးရီးယားစစ်တပ်တည်ရှိရာ နေရာများအား လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့သည့် အစ္စရေးတိုက်လေယာဉ်လေးစင်းအနက် တစ်စင်းအား ဆီးရီးယားလေကြောင်း ကာကွယ်ရေးစနစ်များက မတ်လ ၁၇ ရက် အရုဏ်တက်မတိုင်ခင်တွင် ပစ်ချခဲ့ကြောင်း နှင့် ပစ်ချခဲ့သော တိုက်လေယာဉ်သည် အစ္စရေးလေကြောင်းပိုင်နက်အတွင်း ပျက်ကျခဲ့ကြောင်း ဆီးရီးယားစစ်တပ်က ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

အစ္စရေးတိုက်လေယာဉ်လေးစင်းသည် မတ်လ ၁၇ ရက် နံနက် ၂း၄၀နာရီတွင် ဆီးရီးယားနိုင်ငံ လေကြောင်း ပိုင်နက်အတွင်း ဝင်ရောက်လာပြီး ဟုမ်းစ်ပြည်နယ်အစွန်အဖျား Palmyra မြို့အနီးရှိ စစ်တပ်ဧရိယာများအနက် တစ်ခုအား Braij ဧရိယာပေါ်မှပျံဝဲကာ ပစ်မှတ်ထားတိုက်ခိုက်ခဲ့ကြောင်း စစ်တပ်၏ ထုတ်ပြန်ချက်အရ သိရသည်။

ထုတ်ပြန်ချက်၌ ဆီးရီးယား လေကြောင်းကာကွယ်ရေးစနစ်များက တိုက်ခိုက်မှုများအား တုံ့ပြန်သည့်အနေဖြင့် အစ္စရေးလေကြောင်းပိုင်နက်အတွင်းရှိ အစ္စရေးဂျက်လေယာဉ်တစ်စင်းအား ပစ်ချခဲ့ပြီး အခြားတစ်စင်းအား ပစ်ခတ်စဉ်တွင် ကျန်လေယာဉ်များမှာ လွတ်မြောက်သွားခဲ့ကြောင်းပါရှိသည်။

အဆိုပါ လေကြောင်းတိုက်ခိုက်မှုသည် IS စစ်သွေးကြွအုပ်စု၏ အကြမ်းဖက်အဖွဲ့များအား အစ္စရေးက ထောက်ပံ့ပေးနေကြောင်းကို ပြသခြင်းဖြစ်ပြီး သူပုန်များ၏ ပြိုလဲနေသည့်စိတ်ဓါတ်အား ဆွဲတင်ပေးရန် အကျိုးမရှိသည့် ကြိုးပမ်းမှုတစ်ခုသာဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

တစ်ချိန်တည်းမှာပင် ဆီးရီးယားစစ်တပ်က ဆီးရီးယားပိုင်နက်တည်နေရာများအား အနာဂါတ်တွင် အစ္စရေးဘက်က ပြုလုပ်လာမည့် မည်သည့်တိုက်ခိုက်မှုမျိုးကိုမဆို ထိပ်တိုက်ရင်ဆိုင်ဖြေရှင်းသွားမည်ဖြစ်ပြီး ထိုသို့ဖြေရှင်းရာ၌ နည်းလုံးမျိုးစုံ သုံး၍ တုံ့ပြန်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဆီးရီးယားစစ်တပ်သည် ဟုမ်းစ်ပြည်နယ် အရှေ့ဘက် အစွန်အဖျားဒေသတွင် ISများအား အပြင်းအထန် ထိုးစစ်ဆင်မှု တစ်ရပ် လုပ်ဆောင်ခဲ့ပြီး Palmyraမြို့ဟောင်းအား မကြာသေးမီက အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့ကာ အဆိုပါဧရိယာအစွန်အဖျားရှိ အဓိကကျသော ဓါတ်ငွေ့သိုက်များကို သိမ်းပိုက်နိုင်ရန် ရှေ့ဆက်ချီတက်နေကြကြောင်း သိရသည်။

အစ္စရေးမီဒီယာက လေကြောင်းတိုက်ခိုက်မှုများသည် ဟစ်ဇ်ဘိုလာ စစ်သွေးကြွအုပ်စုနှင့် ပတ်သက်သည့် လက်နက်တင်ပို့မှုအား ပစ်မှတ်ထားတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြခဲ့သည်။

အစ္စရေးက ခြောက်နှစ်တာ စစ်ပွဲတစ်လျှောက်လုံး ဆီးရီးယားရှိ ဆီးရီးယားစစ်တပ်တည်နေရာများအား အစ္စရေးက လေကြောင်းတိုက်ခိုက်မှုများ ထပ်တလဲလဲပြုလုပ်ခဲ့ခြင်းအပေါ် ဆီးရီးယားဘက်က ယခုလို ပုံစံမျိုးဖြင့် တုံ့ပြန်ခြင်းသည် ပထမဆုံးအကြိမ်ဖြစ်၍ အဆိုဖြစ်ရပ်သည် သိသိသာသာအံ့သြဖွယ်ကောင်းကြောင်း ပြောကြားခဲ့သည်။ (Xinhua)