Africa & Middle East
အာဖဂန်နစ္စတန် နိုင်ငံ မြောက်ပိုင်းဒေသ တွင် အင်အား ရစ်(ခ်)တာစကေး (၆.၁) အဆင့်ရှိ ငလျင် လှုပ်ခတ်

ကဘူးလ် ၊ ဖေဖော်ဝါရီ ၁ ရက် (ဆင်ဟွာ)
အာဖဂန်နစ္စတန် နိုင်ငံ မြောက်ပိုင်း Hindu Kush ဒေသ တွင် ဇန်နဝါရီ ၃၁ ရက်နေ့၌ အင်အား ရစ်(ခ်)တာစကေး (၆.၁) အဆင့်ရှိ ငလျင် လှုပ်ခတ် ခဲ့ပြီး မြို့တော် ကဘူးလ် တွင် တုန်ခါမှု ကို သိသာစွာ ခံစားရကြောင်း သိရသည်။
ဥရောပ မြေထဲပင်လယ် ငလျင် တိုင်းတာရေး စင်တာ ၏ ထုတ်ပြန်ချက်အရ ဒေသစံတော်ချိန် ဇန်နဝါရီ ၃၁ ရက် နေ့လယ် ၁၁ နာရီ ၃၆ မိနစ် ၌ အာဖဂန်နစ္စတန် နိုင်ငံ မြောက်ပိုင်း Hindu Kush ဒေသ တွင် အင်အား (၆.၁) အဆင့်ရှိ ငလျင် လှုပ်ခတ် ခဲ့ပြီး မြေအောက် အနက် ၁၈၉ ကီလိုမီတာ ကို ဗဟို ပြု၍ လှုပ်ခတ် ခဲ့ကြောင်း သိရှိရသည်။
အာဖဂန်နစ္စတန် နိုင်ငံ အမျိုးသား သဘာဝဘေး ထိန်းချုပ်ရေး စင်တာ က လက်ရှိချိန်တွင် သေဆုံးဒဏ်ရာရရှိခြင်း နှင့် ငွေကြေးဆုံးရှုံးမှု ဆိုင်ရာ အကြောင်းကြားစာ လက်ခံရရှိခြင်း မရှိသေးကြောင်း ထုတ်ပြန် ကြေညာခဲ့သည်။
Hindu Kush ဒေသ သည် ငလျင် မကြာခဏ ဖြစ်ပွား သည့် ဒေသ တစ်ခု ဖြစ်ပြီး ၂၀၁၅ ခုနှစ် အောက်တိုဘာ ၂၆ ရက်နေ့ တွင် Hindu Kush ဒေသ ၌ ဖြစ်ပွား ခဲ့သည့် ၇.၈ အဆင့် ရှိသော ငလျင်ကြောင့် လူပေါင်း ၁၀၀ ကျော် သေဆုံးခဲ့ပြီး ၅၀၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။(Xinhua)