Connect with us

Africa & Middle East

အာဖဂန်နိုင်ငံရှိ အမေရိကန်အခြေစိုက်စခန်းတွင် အသေခံဗုံးပေါက်ကွဲမှုဖြစ်ပွားရာ လူ ၃ဦးဒဏ်ရာရရှိ

ဘာဂရမ်လေယာဉ်ကွင်းအား ကောင်းကင်မှမြင်တွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

ကဘူးလ်၊ စက်တင်ဘာ ၇ ရက် (ဆင်ဟွာ)

အာဖရန်နစ္စတန်နိုင်ငံ အရှေ့ပိုင်း ရှိ အမေရိကန်နှင့် နေတိုးတပ်ဖွဲ့၏ အဓိကအခြေစိုက်စခန်း ဂိတ်တံခါးဝ တွင် စက်တင်ဘာ ၆ ရက်က အသေခံဗုံးဖောက်ခွဲမှုတစ်ခုဖြစ်ပွားခဲ့ရာ အာဖဂန်အရပ်သား ၃ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း တာဝန်ရှိသူတစ်ဦးကပြောကြားခဲ့သည်။

နိုင်ငံအရှေ့ပိုင်း ပါဝန်ပြည်နယ်ဘာဂရမ်ခရိုင် ရှိ ဘာဂရမ်လေယာဉ်ကွင်း၏ အဝင်ထိန်းချုပ်ဂိတ်တွင် ဒေသစံတော်ချိန် ညနေ ၅း၃၈နာရီတွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း နေတိုးဦးဆောင်သော မဟာမိတ်တပ်ဖွဲ့က ထုတ်ပြန်ချက်တွင်ပြောကြားခဲ့သည်။

တစ်ချိန်တည်းမှာပင် အာဖဂန်ပြည်ထဲရေးဝန်ကြီးပြောရေးဆိုခွင့်ရှိသူ Najib Danish က ပေါက်ကွဲမှုတစ်ခု ကြောင့် အာဖဂန်အရပ်သား ၃ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပြောကြားခဲ့သည်။

အသေခံဗုံးခွဲသမားသည် အခင်းဖြစ်ပွားရာ၌ပင် သေဆုံးသွားခဲ့ကြောင်း သိရသည်။

မဟာမိတ်တပ်ဖွဲ့၏ ထုတ်ပြန်ချက်၌ ဒဏ်ရာရရှိသူများကို ဘာဂရမ်ဆေးကုသရေးစင်တာ၌ ကုသပေးထားကြောင်း ပါရှိသည်။

ထုတ်ပြန်ချက်၌ ဘာဂရမ်လေယာဉ်ကွင်း တွင် လုံခြုံရေးအခြေအနေတည်ငြိမ်နေပြီး ဖြစ်စဉ်ကို စုံစမ်းစစ်ဆေးနေကြောင်း အသေးစိတ်အချက်အလက်များကို မကြာမီထုတ်ပြန်ပေးသွားမြည်ဖစ်ကြောင်း ဖော်ပြခဲ့သည်။

ယင်းအသေခံဗုံးဖောက်ခွဲမှုအား တာလီဘန်အကြမ်းဖက်အုပ်စု က ၎င်းတို့လုပ်ဆောင်ခြင်းဖြစ်ကြောင်း ကြေညာခဲ့သည်။

ကဘူးလ်မြို့မြောက်ပိုင်း ၅၀ကီလိုမီတာ အကွာရှိ ဘာဂရမ်လေယာဉ်ကွင်းအား လွန်ခဲ့သော ၁၆နှစ်မှစ၍ အမေရိကန် နှင့် နေတိုး တို့၏ အဓိက စစ်အခြေစိုက်စခန်း အဖြစ် အသုံးပြုလျက်ရှိကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.