Connect with us

Africa & Middle East

တာလီဘန် ထိပ်တန်းတပ်မှူး တစ်ဦးအပါအဝင် စစ်သွေးကြွ လေးဦးကို အာဖဂန်၌ သုတ်သင်ရှင်းလင်း

ထိပ်တန်း တာလီဘန်ခေါင်းဆောင် (Mawlawi Ismael ) အား အာဖဂန်နစ္စတန်တပ်ဖွဲ့ ဝင်များ သုတ်သင်ရှင်းလင်းနေစဉ်(ဓာတ်ပုံ-အင်တာနက်)

ကွန်ဒက်ဇ် ၊ အာဖဂန် ၊ စက်တင်ဘာ ၁ဝ ရက်(ဆင်ဟွာ)

တာလီဘန်ထိပ်တန်း တပ်မှူးတစ်ဦးအပါအဝင် စစ်သွေးကြွ လေးဦးကို အာဖဂန်နစ္စတန်နိုင်ငံ မြောက်ပိုင်း ကွန်ဒက်ဇ်ပြည်နယ် Qala-e-Zal ခရိုင်၌ သုတ်သင်ရှင်းလင်းခဲ့ကြောင်း နိုင်ငံပိုင်သတင်းဌာနက ယနေ့(စက်တင်ဘာလ ၁ဝ ရက်)တွင် သတင်းဖော်ပြခဲ့သည်။

“ တာလီဘန်တွေ ပုန်းအောင်းနေတဲ့ Qala-e-Zal ခရိုင်အတွင်းရှိ ဂူရှီရွာကို အာဖဂန်နစ္စတန်လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ယနေ့နံနက်အစောပိုင်းမှာ ဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။ အဲဒီတိုက်ခိုက်မှုကြောင့် နာမည်ဆိုးနဲ့ကျော်ကြားနေတဲ့ တာလီဘန် ထိပ်တန်းတပ်မှူး မော်လဝီအစ္စမေးလ်(Mawlawi Ismael ) အပါအဝင် စစ်သွေးကြွ လေးဦးကို သုတ်သင်ရှင်းလင်းနိုင်ခဲ့ပါတယ် ” ဟု ခရိုင်အုပ်ချုပ်ရေးမှူး Abdul Momin က ဆင်ဟွာသတင်းဌာနသို့ပြောကြားခဲ့သည်။၎င်းတိုက်ခိုက်မှုအတွင်း အခြား စစ်သွေးကြွ နှစ်ဦးထက်မနည်းမှာ ထိခိုက်ဒဏ်ရာရခဲ့ပြီး ၎င်းတို့အား လက်ရဖမ်းဆီးနိုင်ခဲ့သည်။ အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ တာလီဘန်တို့ဖက်က တစ်စုံတစ်ရာ မှတ်ချက်ပြုပြောကြားခဲ့ခြင်း မရှိပေ။(Xinhua)