Africa & Middle East
အာဖဂန်နိုင်ငံ ဂါ့ဇ်နီပြည်နယ် အရှေ့ပိုင်းရှိ ဗလီတွင် ပေါက်ကွဲမှုဖြစ်ပွား လူ ၂ ဦးသေဆုံး၊ ၂၀ ဦးဒဏ်ရာရ

ဂါ့ဇ်နီ၊ ဇူလိုင် ၆ ရက် (ဆင်ဟွာ)
အာဖဂန်နစ္စတန်နိုင်ငံ အရှေ့ပိုင်း ဂါ့ဇ်နီပြည်နယ်ရှိ ဗလီတစ်ခုတွင် ဇူလိုင်လ ၅ ရက်က စစ်သွေးကြွများထောင်ထားသော မိုင်းပေါက်ကွဲမှုကြောင့် အနည်းဆုံး လူ ၂ ဦးသေဆုံးပြီး အခြားလူ ၂၀ ဦး ဒဏ်ရာများရရှိခဲ့ကြောင်း ပြည်နယ်အစိုးရ ပြောခွင့်ရပုဂ္ဂိုလ် အာရက်ဖ်နူရီ (Aref Nuri) က ဇူလိုင်လ ၆ ရက်တွင် ပြောကြားလိုက်သည်။
အဆိုပါ ကြောက်မက်ဖွယ် ပေါက်ကွဲမှုမှာ ဇူလိုင်လ ၅ ရက် ညနေပိုင်းက ပြည်နယ်မြို့တော် ဂါ့ဇ်နီမြို့ရှိ ဗလီတစ်ခုအတွင်း ဝတ်ပြုသူများရှိနေချိန် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး လူ ၂ ဦးမှာ နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးသွားပြီး အခြားလူ ၂၀ ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ ယင်းအနက် အချို့မှာ စိုးရိမ်ဖွယ်အခြေအနေတွင်ရှိကြောင်း တာဝန်ရှိသူ၏ ပြောကြားချက်အရ သိရသည်။
သေဆုံးသူများအားလုံးမှာ အရပ်သားများဖြစ်ကြောင်း အဆိုပါ တာဝန်ရှိသူက ဖြည့်စွက်ပြောကြားခဲ့သည်။
ယင်းဖြစ်ရပ်နှင့်ပတ်သက်၍ မည်သည့်အဖွဲ့ကမျှ ၎င်းတို့လက်ချက်ဟု တာဝန်ယူပြောကြားထားခြင်းမရှိသေးပေ။ (Xinhua)