Connect with us

Africa & Middle East

အာဖဂန်နစ္စတန်နိုင်ငံ အရှေ့ပိုင်းတွင် ကားဗုံးခွဲတိုက်ခိုက်မှုဖြစ်ပွား ၊ လူ ၆ဦး သေဆုံး ၊၉၆ ဦး ဒဏ်ရာရ


ကဘူးလ်၊ ဇူလိုင် ၈ ရက်(ဆင်ဟွာ)

အာဖဂန်နစ္စတန်နိုင်ငံ အရှေ့ပိုင်း Ghazniပြည်နယ် Ghazniမြို့တွင် ဇူလိုင် ၇ ရက်က ကားဗုံးခွဲတိုက်ခိုက်မှုတစ်ခုဖြစ်ပွားရာ အနည်းဆုံး လူ ၆ ဦးသေဆုံးပြီး ၉၆ ဦး ဒဏ်ရာရခဲ့ကြောင်း အာဖဂန် အစိုးရ အရာရှိတစ်ဦးက ယင်းနေ့တွင် ပြောကြားခဲ့သည်။

အချင်းဖြစ်ရပ်မှာ ဇူလိုင် ၇ ရက် ဒေသစံတော်ချိန် ၈ နာရီ ၃၀ မိနစ်ခန့်တွင် Ghazniမြို့လယ်ခေါင်ရှိရဲဌာနတစ်ခုအနီး၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း Ghazniပြည်နယ် အစိုးရ ပြောရေးဆိုခွင့်ရှိသူAref Nuriက ဆိုသည်။ သေဆုံးသူ ၆ ဦးတွင် ၂ ဦးက လုံခြုံရေးတပ်ဖွဲ့ဝင်ဖြစ်ပြီး ကျန် ၄ ဦးမှာ အရပ်သားများ ဖြစ်ကြောင်း ၊ ဒဏ်ရာရသူများတွင် ၈၇ ဦးမှာ အရပ်သားများဖြစ်ပြီး ၉ ဦးမှာ ရဲတပ်ဖွဲ့ဝင်ဖြစ်ကြောင်း သိရသည်။ ဒဏ်ရာရသူများတွင် အချို့မှာ ဒဏ်ရာပြင်းထန်ကြောင်း သိရသည်။

ကားဗုံးခွဲတိုက်ခိုက်ခံရသည့် အချင်းဖြစ်နေရာအား တွေ့ရစဉ်(ဆင်ဟွာ)

ကားဗုံးခွဲတိုက်ခိုက်ခံရသည့် အချင်းဖြစ်နေရာအား တွေ့ရစဉ်(ဆင်ဟွာ)

အချင်းဖြစ်ပွားမှုကြောင့် ဒဏ်ရာရသူများအား တွေ့ရစဉ် (ဆင်ဟွာ)

အချင်းဖြစ်ပွားမှုကြောင့် ဒဏ်ရာရသူများအား တွေ့ရစဉ် (ဆင်ဟွာ)

အချင်းဖြစ်ပွားမှုကြောင့် ဒဏ်ရာရသူများအား တွေ့ရစဉ် (ဆင်ဟွာ)

ဒဏ်ရာရသူ ၇၅ ဦးကို ဆေးရုံသို့ ပို့ဆောင်ကုသနေပြီဖြစ်ကြောင်း ၊ ၎င်းတို့အနက် ၃၀ မှာ ကျောင်းသားများဖြစ်ကြောင်း Ghazniမြို့ ကျန်းမာရေးဦးစီးဌာန၏ တာဝန်ရှိပုဂ္ဂိုလ် Baz Mohammad Humat က ဆိုသည်။

အာဖဂန်တာလီဘန်များက အဆိုပါတိုက်ခိုက်မှုမှာ ၎င်းတို့၏လက်ချက်ဖြစ်သည်ဟု ကြေညာထားကြောင်းသိရသည်။ ၎င်းတို့က ရဲဌာနတစ်ခုကို စီးနင်းခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များ ဒါဇင်နှင့်ချီ သေဆုံး ဒဏ်ရာရအောင် တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.