Connect with us

Africa & Middle East

တောင်အာဖရိက နိုင်ငံ သမ္မတ က တရုတ် နိုင်ငံ ဟွာဝေး ကုမ္ပဏီ ၏ 5G နည်းပညာ အား ကြိုဆိုကြောင်း ပြောကြား

တောင်အာဖရိက နိုင်ငံ သမ္မတ ဆီရီးလ် ရိုမာဖိုဆာ (Cyril Ramaphosa) အား မြင်တွေ့ရစဉ်(ဆင်ဟွာ)

ဂျိုဟန်နက်စ်ဘာ့ဂ် ၊ ဇူလိုင် ၆ ရက် (ဆင်ဟွာ)

တောင်အာဖရိက နိုင်ငံ သမ္မတ ဆီရီးလ် ရိုမာဖိုဆာ (Cyril Ramaphosa) က ဇူလိုင် ၅ ရက် တွင် ဂျိုဟန်နက်စ်ဘာ့ဂ် မြို့ ၌ ကျင်းပ ပြုလုပ်သည့် အစည်းအဝေး တစ်ရပ် တွင် တရုတ် နိုင်ငံ ဟွာဝေး ကုမ္ပဏီ မှ တောင်အာဖရိက နိုင်ငံ သို့ 5G နည်းပညာ သယ်ဆောင်ပေးခဲ့ခြင်း အပေါ် ကြိုဆိုကြောင်း ပြောကြား ခဲ့သည်။

တောင်အာဖရိက နိုင်ငံ တယ်လီကွန်းအော်ပရေတာ အများစု က သမ္မတ ဆီရီးလ် ရိုမာဖိုဆာ ထံ စာတစ်စောင် ပို့ခဲ့ရာတွင် ဟွာဝေး ကုမ္ပဏီ အပေါ် ပိတ်ဆို့မှုများ ဆောင်ရွက်ခြင်းသည် တောင်အာဖရိက နိုင်ငံ တွင် 5G ကွန်ရက် တည်ဆောက်ခြင်း အပေါ် အတားအဆီး ဖြစ်စေရုံမက လက်ရှိ တည်ရှိပြီး ဖြစ်သည့် 3G နှင့် 4G ကွန်ရက် အပေါ်လည်း ထိခိုက်မှုများ ဖြစ်စေမည် ကို ယုံကြည်ကြောင်း ၊ မိမိ တို့အနေဖြင့် 5G ကွန်ရက် လိုအပ်ပြီး ဟွာဝေး ကုမ္ပဏီ မှသာ မိမိ တို့အတွက် 5G နည်းပညာ ကို သယ်ဆောင်ပေးနိုင်မည် ဖြစ်ကြောင်း ၊ မိမိ တို့အနေဖြင့် တောင်အာဖရိက နှင့် ကမ္ဘာ့အတွက် ပိုမိုကောင်းမွန်သည့် နည်းပညာ သယ်ဆောင်ပေး နိုင်မည့် ကုမ္ပဏီ ကို ထောက်ခံအားပေး ကြောင်း ဖေါ်ပြ ခဲ့သည်။

တောင်အာဖရိက နိုင်ငံ သမ္မတ က ဇွန်လကုန်ပိုင်း ၌ အိုဆာကာ တွင် ကျင်းပ ပြုလုပ်သည့် G20 အစည်းအဝေး တက်ရောက်စဉ် အတွင်း ဟွာဝေး ကုမ္ပဏီ အား မြင့်မားစွာ ချီးမွမ်း ဂုဏ်ပြု ခဲ့ပြီး တောင်အာဖရိက နိုင်ငံ အနေဖြင့် ဟွာဝေး နှင့် တရုတ် နိုင်ငံ လုပ်ငန်း ကုမ္ပဏီ များ နိုင်ငံ အတွင်း ရင်းနှီးမြှုပ်နှံမှု လာရောက် ပြုလုပ်ရန် ဖိတ်ခေါ်ကြိုဆိုကြောင်း ပြောကြား ခဲ့သည်။(Xinhua)