Connect with us

Africa & Middle East

အာဖဂန်လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် တာလီဘန်လက်နက်ကိုင်များအကြားတိုက်ပွဲ ဖြစ်ပွား၊ အနည်းဆုံး လူ ၂၅ ဦး သေဆုံး

အာဖဂန်နစ္စတန်နိုင်ငံ Ghazni ပြည်နယ် ရှိ စစ်ဆေးရေးဂိတ်တစ်ခုအား တွေ့ရစဉ်(ဆင်ဟွာ)

ကဘူးလ် ၊ နိုဝင်ဘာ ၁၂ ရက်(ဆင်ဟွာ)

အာဖဂန်နစ္စတန်နိုင်ငံ Ghazni ပြည်နယ် တွင် နိုဝင်ဘာ ၁၁ ရက်က လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် တာလီဘန်လက်နက်ကိုင်များအကြား တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၂၅ ဦး သေဆုံးပြီး ၁၇ ဦး ဒဏ်ရာရရှိကြောင်း ယင်းပြည်နယ် အရာရှိတစ်ဦးက ပြောကြားခဲ့သည်။

တာလီဘန်လက်နက်ကိုင်များက နိုဝင်ဘာ ၁၁ ရက် နံနက်ပိုင်းတွင် Ghazni ပြည်နယ် Jaghoriဒေသ ရှိ လုံခြုံရေးစစ်ဆေးရေးဂိတ်များကို စတင်တိုက်ခိုက်ခဲ့ရာ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် အပြန်အလှန်ပစ်ခတ်မှုများဖြစ်ပွားခဲ့ကြောင်း ယင်းပြည်နယ် ရဲဘက်ဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူ Ahmad Khan Sirat က ပြောကြားခဲ့သည်။

အပြန်အလှန်ပစ်ခတ်မှုများ ၄ နာရီကြာဖြစ်ပွားခဲ့ရာ လုံခြုံရေးတပ်ဖွဲ့ဝင် အနည်းဆုံး ၁၀ ဦး ၊အရပ်သား ၁၅ ဦးသေဆုံးခဲ့ကြောင်း ၊ထို့အပြင် လုံခြုံရေးတပ်ဖွဲ့ဝင် ၆ ဦးနှင့် အရပ်သား ၁၁ ဦး ဒဏ်ရာရရှိခဲ့ ကြောင်း၊ ဒေသခံအစိုးရက အချင်းဖြစ်နေရာသို့ လုံခြုံရေးအင်အားထပ်ဖြည့်ရန် တပ်ဖွဲ့ဝင်များ စေလွှတ်ထားကြောင်း Ahmad Khan Sirat က ပြောကြားခဲ့သည်။

အဆိုပါတိုက်ခိုက်မှုနှင်စပ်လျဉ်း၍ ၎င်းတို့၏လက်ချက်ဖြစ်ကြောင်း တာလီဘန် ပြောရေးဆိုခွင့်ရှိသူတစ်ဦးက အတည်ပြု ပြောကြားခဲ့သည်။ တိုက်ခိုက်မှုအတွင်း လုံခြုံရေးတပ်ဖွဲ့ဝင် အနည်းဆုံး ၂၅ ဦး သေဆုံးဒဏ်ရာရခဲ့ ကြောင်း ၊ Jaghoriဒေသ ရှိ လုံခြုံရေးစစ်ဆေးရေးဂိတ် ၅ ခုကို တာလီဘန်များက ထိန်းချုပ်ထားပြီဖြစ် ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ယခုနှစ်အတွင်း အာဖဂန်နစ္စတန် Ghazni ပြည်နယ်တွင် တိုက်ခိုက်မှုများ မကြာခဏဖြစ်ပွားလေ့ရှိ ကြောင်း သိရသည်။ အောက်တိုဘာ ၂၀ ရက်က အာဖဂန်တွင် လွှတ်တော်ရွေးကောက်ပွဲ ကျင်းပခဲ့ သော်လည်း Ghazni ပြည်နယ်တွင် လုံခြုံရေးအခြေအနေ ဆိုးဝါးမှုကြောင့် ရွေးကောက်ပွဲကို ရွှေ့ဆိုင်းခဲ့ရကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.