Connect with us

Africa & Middle East

ဆိုမာလီယာနိုင်ငံ မြို့တော် မိုဂါဒစ်ရှူးတွင်ဖြစ်ပွားသော ကားဗုံးခွဲတိုက်ခိုက်မှုကြောင့် သေဆုံးသူ ၅၀ ဦးအထိ ရှိလာ

ပေါက်ကွဲမှုဖြစ်ပွားသည့် အချင်းဖြစ်နေရာအား တွေ့ရစဉ်(ဆင်ဟွာ)

မိုဂါဒစ်ရှူး ၊ နိုဝင်ဘာ ၁၁ ရက်(ဆင်ဟွာ)

ဆိုမာလီယာနိုင်ငံ မြို့တော် မိုဂါဒစ်ရှူးတွင် နိုဝင်ဘာ ၉ ရက် ညနေပိုင်းက ကားဗုံးခွဲတိုက်ခိုက်မှု ၃ ကြိမ် ဖြစ်ပွားခဲ့ရာ သေဆုံးသူဦးရေ ၅၀ အထိ မြင့်တက်လာပြီး ၅၈ ဦး ဒဏ်ရာရရှိကြောင်း ဆိုမာလီယာ ရဲတပ်ဖွဲ့ အရာရှိတစ်ဦးက နိုဝင်ဘာ ၁၀ ရက်တွင် ပြောကြားခဲ့သည်။

ရဲတပ်ဖွဲ့ဝင်များနှင့်ကူညီကယ်ဆယ်ရေးသမားများက ဗုံးပေါက်ကွဲရာ အချင်းဖြစ်နေရာတွင် ရှာဖွေကယ်ဆယ်မှုများပြုလုပ်နေရာ သေဆုံးသူရုပ်အလောင်းများကို ထပ်မံတွေ့ရှိရကြောင်း ၊ လက်ရှိတွင် သေဆုံးသူဦးရေ ၅၀ ရှိပြီဖြစ်ပြီး အပျက်အဆီးများကြားတွင် ပိတ်မိနေသူများ ထပ်ရှိမရှိကိုမူ မသိရသေးကြောင်း ၊ ရှာဖွေကယ်ဆယ်မှုများ ဆက်လက်လုပ်ဆောင်နေကြောင်း ရဲတပ်ဖွဲ့အရာရှိတစ်ဦးက ဆင်ဟွာကို ပြောကြားခဲ့သည်။

အဆိုပါကားဗုံးခွဲတိုက်ခိုက်မှု ၃ ခုမှာ နိုဝင်ဘာ ၉ ရက် ညနေပိုင်းက မိုဂါဒစ်ရှူးမြို့ ဆိုမာလီယာ ပြစ်မှုဆိုင်ရာစုံစမ်းစစ်ဆေးရေးဌာန ရုံးချုပ်အနီး၌ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ဆိုမာလီယာ အယ်လ်ရှာဘတ်(al-Shabaab)များက အဆိုပါတိုက်ခိုက်မှုမှာ ၎င်းတို့၏လက်ချက်ဖြစ် ကြောင်း ကြေညာချက်ထုတ်ပြန်ထားသည်။

ဆိုမာလီယာ အယ်လ်ရှာဘတ်(al-Shabaab)သည် အယ်လ်ကိုင်ဒါး(Al-Qaeda)နှင့်ဆက်စပ်နေသည့် အစွန်းရောက်အဖွဲ့အစည်းတစ်ခုဖြစ်ပြီး ယခုနှစ်ပိုင်းများတွင် ဆိုမာလီယာနှင့် အိမ်နီးချင်းနိုင်ငံများတွင် အကြမ်းဖက်တိုက်ခိုက်မှုပေါင်းများစွာ ပြုလုပ်ခဲ့သည်။ (Xinhua)