Africa & Middle East
အာဖဂန်အရှေ့ပိုင်းတွင် နေအိမ်ခေါင်မိုးပြိုကျမှုကြောင့် လူ ၆ဦးသေဆုံး

ဂျာလာလာဘတ်၊ ဇန်နဝါရီ ၂၃ ရက် (ဆင်ဟွာ)
အာဖဂန်နစ္စတန်နိုင်ငံ မြို့တော် ကဘူးလ်မြို့ အရှေ့ဘက် ၁၂၀ကီလိုမီတာ အကွာ နန်ဂါဟာပြည်နယ် ဂျာလာလာဘတ်မြို့တွင် ဇန်နဝါရီ ၂၃ ရက်က နေအိမ်ခေါင်မိုးပြိုကျမှုတစ်ခုဖြစ်ပွားခဲ့ရာ မိသားစုဝင် ခြောက်ဦး အသက်ဆုံးရှုံးခဲ့ရကြောင်း ပြည်နယ်ဆိုင်ရာအုပ်ချုပ်ရေးမှူး၏ ပြောရေးဆိုခွင့်ရှိသူ Attaullah Khogiani ကပြောကြားခဲ့သည်။
Surkhrod ခရိုင် Sheikh Musri ရွာ တွင် ဇန်နဝါရီ ၂၃ ရက် နံနက်အစောပိုင်းက ဖြစ်ပွားခဲ့သည့် အဆိုပါ မတော်တဆမှုကြောင့် ကလေးနှစ်ဦးအပါအဝင် လူ၆ဦးသေဆုံးခဲ့ကြောင်း နှင့် အခြား လူ၄ဦးဒဏ်ရာရရှိခဲ့ကြောင်း တာဝန်ရှိသူ၏ပြောကြားချက်အရ သိရပြီး အသေးစိတ်ကိုမူ ပြောကြားခြင်း မရှိကြောင်း သိရသည်။
အာဖဂန်နစ္စတန်နိုင်ငံ ရှိ တောရွာနေ ပြည်သူများသည် အများအားဖြင့် ရိုးရာရွှံ့စေးအိမ်များ နှင့် အိမ်အို အိမ်ဟောင်းများတွင် နေထိုင်လေ့ရှိပြီး ယင်းအိမ်များသည် သဘာဝဘေးအန္တရာယ်ကြောင့်သာမဟုတ်ဘဲ မိုးသည်းထန်စွာ ရွာသွန်းခြင်း နှင့် နှင်းများထူထပ်စွာ ကျဆင်းရုံမျှပင် ပြိုကျပျက်စီးနိုင်ကြောင်း သိရသည်။ (Xinhua)