Connect with us

Africa & Middle East

ယီမင် နိုင်ငံ အနောက်ပိုင်းတွင် တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားခဲ့ရာ အနည်းဆုံး သေဆုံးသူ ၆၉ ဦးထိ ရှိလာ

ယီမင် နိုင်ငံရှိ ဟူတီသူပုန်တပ်ဖွဲ့ ဝင်များအား မြင်တွေ့ရစဉ် (ဆင်ဟွာ)

ကိုင်ရို ၊ ဇန်နဝါရီ ၂၃ ရက် (ဆင်ဟွာ)

ယီမင် အစိုးရတပ်ဖွဲ့ နှင့် ဟူတီသူပုန်တပ်ဖွဲ့ တို့အကြား ယီမင် နိုင်ငံ အနောက်ပိုင်းတွင်တည်ရှိသည့် mokha ဆိပ်ကမ်း ၌ တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားခဲ့ရာ လက်ရှိချိန်တွင် အနည်းဆုံး သေဆုံးသူ ၆၉ ဦး ရှိပြီး ဖြစ်ကြောင်း ယီမင် နိုင်ငံ စစ်ဘက်ဆိုင်ရာ၏ ဇန်နဝါရီ ၂၂ ရက်နေ့က ထုတ်ပြန်ချက်အရ သိရှိရသည်။

ယီမင် နိုင်ငံ စစ်ဘက်ဆိုင်ရာမှ အမည်မဖော်လိုသူ အရာရှိတစ်ဦးက ယီမင် အစိုးရ တပ်ဖွဲ့သည် အာရပ်စော်ဘွားများ ပြည်ထောင်စု တပ်ဖွဲ့၏ အကူအညီအောက်တွင် mokha ဆိပ်ကမ်း သို့ချီတက် တိုက်ခိုက်ခဲ့ရာတွင် အချို့ဒေသများကို ပြန်လည် သိမ်းယူနိုင်ခဲ့ကြောင်း ၊ လက်ရှိချိန်တွင် နှစ်ဘက် စစ်တပ်တို့မှ အပြင်းအထန် ဆက်လက် တိုက်ပွဲဖြစ်ပွားနေကာ အစိုးရတပ်ဖွဲ့မှ mokha ဆိပ်ကမ်း သို့ဦးတည် ချီတက် တိုက်ခိုက်နေကြောင်း ပြောကြား ခဲ့သည်။

ဒေသတွင်း ကျန်မာရေး ဌာန၏ ဖော်ပြချက်အရ လက်ရှိချိန်တွင် ဟူတီသူပုန်တပ်ဖွဲ့ ဝင် ၅၀ ဦး နှင့် အစိုးရ တပ်ဖွဲ့ဝင် ၁၉ ဦး သေဆုံးခဲ့ပြီးဖြစ်ကြောင်း ဖော်ပြခဲ့သည်။

၂၀၁၄ ခုနှစ် စက်တင်ဘာလပိုင်းတွင် ဟူတီသူပုန်တပ်ဖွဲ့ သည် ယီမင် နိုင်ငံ မြို့တော် Sana’a ကို သိမ်းပိုက်ခဲ့ပြီး တောင်ပိုင်းဒေသများကိုပါ သိမ်းပိုက်ခဲ့သောကြောင့် ယီမင် သမ္မတ Abdrabbuh Mansur Hadi သည် ဆော်ဒီအာရေဗျနိုင်ငံ သို့သွားရောက်ခိုလှုံခဲ့ရသည်။၂၀၁၅ ခုနှစ် မေလပိုင်းတွင် ဆော်ဒီအာရေဗျနိုင်ငံ ဦးဆောင်သော နိုင်ငံစုံ တပ်ဖွဲ့သည် ဟူတီသူပုန်တပ်ဖွဲ့ ကို “ပြတ်သားသည့်မုန်တိုင်း” စစ်ဆင်ရေး (Operation Decisive Storm) ဖြင့် တိုက်ခိုက်ခဲ့ပြီး သြဂုတ်လပိုင်းတွင် သမ္မတ Hadi ကို ထောက်ခံသည့် အစိုးရတပ်ဖွဲ့ ၊ ဒေသတွင်း လက်နက်ကိုင်များ နှင့် မဟာမိတ်နိုင်ငံများ၏ လေကြောင်း ကူညီ တိုက်ခိုက် ဆောင်ရွက်မှု များကြောင့် ယီမင် နိုင်ငံ Aden ပြည်နယ်ကို ပြန်လည် သိမ်းပိုက်နိုင်ခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.