Africa & Middle East
အာဖဂန် မြောက်ပိုင်းတွင် ပေါက်ကွဲမှုကြောင့် ပြည်နယ်ဆိုင်ရာ ကျန်းမာရေးဌာနညွှန်ကြားရေးမှူးသေဆုံး

အာဖဂန်နစ္စတန်၊ မေ ၂၉ ရက် (ဆင်ဟွာ)
အာဖဂန်နစ္စတန်နိုင်ငံ Samangan ပြည်နယ် မြို့တော် Aybak မြို့၌ မေ ၂၉ ရက်တွင် ဗုံးပေါက်ကွဲမှုတစ်ခုဖြစ်ပွားရာ ပြည်နယ်ဆိုင်ရာ ကျန်းမာရေးဌာနညွှန်ကြားရေးမှူး၏ မော်တော်ယာဉ်အား ထိမှန်ပြီး ညွှန်ကြားရေးမှူး သေဆုံးကာ အခြားလူ တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူ ကပြောကြားခဲ့သည်။
ပြည်နယ်ဆိုင်ရာရဲတပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူ Mohammad Munir Rahimi က မေလ ၂၉ ရက် မွန်းလွဲပိုင်းတွင် ပြည်နယ်ဆိုင်ရာ ကျန်းမာရေးဌာနအကြီးအကဲ နှင့် ပြည်နယ်ဆေးရုံ အကြီးအကဲ Ekramudin Wakizada ၏ မော်တော်ယာဉ်သည် ဗုံးစထိမှန်ပြီး Wakizada သေဆုံးခဲ့ပြီး ယာဉ်မောင်းမှာ ဒဏ်ရာရရှိခဲ့ကြောင်း ပြောကြားခဲ့သည်။
တာဝန်ရှိသူက စုံစမ်းစစ်ဆေးမှုများကို ဆောင်ရွက်နေဆဲဖြစ်ကြောင်း ပြောကြားခဲ့ပြီး အခြားအချက်အလက်များ ကိုမူ ပြောကြားခြင်းမရှိကြောင်း သိရသည်။ (Xinhua)