Connect with us

Africa & Middle East

အာဖဂန် သမ္မတ က နိုင်ငံ အတွင်း ဖြစ်ပွား နေသည့် မိုးခေါင်ရေရှားမှု ကို ကူညီကြရန် နိုင်ငံတကာကို တိုက်တွန်း

ကဘူးလ်မြို့တွင် ရေငင်နေသည့် ကလေးငယ်များအားတွေ့ရစဉ် (ဓာတ်ပုံ- ဆင်ဟွာ )

ကဘူးလ်၊ မေ ၂၉ ရက်(ဆင်ဟွာ)

ယခုကာလအတွင်း အာဖဂန်နစ္စတန်နိုင်ငံ၌ဖြစ်ပွားနေသည့် မိုးခေါင်ရေရှားကပ်ဘေး အခြေအနေကို နိုင်ငံတကာ က ဂရုပြုကြရန်နှင့် ကပ်ဘေးသင့်ဒေသများကို လူသားချင်းစာနာထောက်ထားသည့် အကူအညီများပေးကြ ရန် အာဖန် သမ္မတ Ashraf Ghani က မေ ၂၈ ရက်တွင် တိုက်တွန်းပြောကြား ခဲ့ကြောင်း သိရသည်။

သမ္မတ Ashraf Ghani က မေ ၂၈ ရက်တွင် သမ္မတအိမ်တော်၌ နိုင်ငံတကာအဖွဲ့အစည်းများနှင့် တွေ့ဆုံဆွေးနွေးပွဲကျင်းပခဲ့ရာ ၎င်းက အာဖဂန်တစ်နိုင်ငံလုံးရှိ ပြည်နယ် ၃၄ ခု အနက် အနည်းဆုံး ပြည်နယ် ၁၆ ခုတွင် မိုးခေါင်ရေရှားမှုများဖြစ်ပွားနေသောကြောင့် သုံးရေအခက်အခဲဆိုးဆိုးဝါးဝါးဖြစ်ပေါ်နေကြောင်း၊ အထူးသဖြင့် မြောက်ပိုင်းရှိ Faryab ပြည်နယ် နှင့် Jowzjan ပြည်နယ်၏ အခြေအနေမှာ ပို၍ဆိုးဝါးကြောင်း ၊ အစိုးရက ကပ်ဘေးသင့်ဒေသများကို ကူညီကယ်ဆယ်ရေးပစ္စည်းများ ပေးဝေပြီးဖြစ်သော်လည်း ဒေသခံပြည်သူများ၏အခက်အခဲကို လျော့နည်းသွားအောင် ဖြေရှင်းနိုင်ခြင်းမရှိသေးကြောင်း ပြောကြားခဲ့သည်။ ဆက်လက်၍ သမ္မတ Ashraf Ghani က နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပရဟိတအသင်းအဖွဲ့၏ ကူညီထောက်ပံ့မှုများကို ကျေးဇူးတင်ရှိကြောင်း၊ နိုင်ငံတကာအသိုင်းအဝိုင်းကလည်း အာဖဂန်အစိုးရနှင့်အတူ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ လုပ်ငန်းများ ဆက်လက်လုပ်ဆောင်ကြပေးရန် တိုက်တွန်းကြောင်း ပြောကြားခဲ့သည်။

ယခုနှစ်နွေဦးကာလမှစ၍ အာဖဂန်နိုင်ငံ အနောက်ပိုင်းနှင့် မြောက်ပိုင်းရှိ ဒေသအမြောက်အမြားတွင် စားနပ်ရိက္ခာထုတ်လုပ်မှုပမာဏ သိသိသာသာ ကျဆင်းလာသောကြောင့် အများပြည်သူ စားဝတ်နေရေး အခက်အခဲများ ဖြစ်လာကြောင်း ၊ အာဖဂန်အစိုးရအနေဖြင့် ကပ်ဘေးသင့်ဒေသများ ကို အစားအစာ၊သောက်သုံးရေနှင့်ဆေးဝါးကုသမှုစသည့် အရေးပေါ် ကူညီမှုများ လုပ်ဆောင်နေကြာင်း ဒေသခံမီဒီယာများက ဆိုသည်။

ယခု အာဖဂန်နစ္စတန်တွင်ဖြစ်ပွားသည့် မိုးခေါင်ရေရှားမှုသည် ကာလကြာဖြစ်ပွားနေသောကြောင့် နိုင်ငံ၏ဒေသ အသီးသီးရှိ လူ အနည်းဆုံး သန်း ၂ ကျော် အခက်တွေ့နေရကြောင်း ၊ ၎င်းနိုင်ငံ မြောက်ပိုင်းရှိ ကျေးရွာပေါင်း ၆၀၀ ကျော်မှာ သုံးရေ အခက်အခဲဖြစ်နေကြောင်း ၊ လက်ရှိ လူသားချင်းစာနာထောက်ထားမှုအကူအညီ အမေရိကန်ဒေါ်လာ ၁၁၅ သန်း လိုအပ်နေကြောင်း ကုလသမဂ္ဂလူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးရုံးမှ ထုတ်ပြန်ထားသည့်အစီရင်ခံစာ အရ သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.