Connect with us

Africa & Middle East

အာဖရိက၌ ဆင်များ ရာနှင့်ချီ၍ ပဟေဠိဆန်စွာ သေဆုံးမှုအပေါ် ပညာရှင်များက ၎င်းတို့၏ အမြင်ကို ပြောကြား 

အာဖရိက ဘောစ့်ဝမ်နာနိုင်ငံတွင် ထူးဆန်းစွာ သေဆုံးခဲ့သည် ဆင်ရုပ်ကြွင်းများအား တွေ့ရစဉ် (ဆင်ဟွာ)

ကိပ်တောင်း၊ ဩဂုတ် ၉ ရက်(ဆင်ဟွာ)

ယခုကာလများတွင် ဘောစ့်ဝမ်နာနိုင်ငံ၌  ဆင်ကောင်ရေ ရာနှင့်ချီ ထူးဆန်းစွာ သေဆုံးမှု ဖြစ်ပွားခဲ့ခြင်းမှာ ၎င်းတို့အား လူက အစာအဆိပ်ပစ်ခြင်း၊  ဥပဒေမဲ့ အမဲလိုက်ခြင်း၊ အစာငတ်မွတ်ခြင်း၊ထောင့်သန်းရောဂါ(Anthrax)ကူးစက်ခံရခြင်း စသည့် အကြောင်းအရာများ ဖြစ်နိုင်ခြေ အခြေခံအားဖြင့် မရှိကြောင်း ပြီးခဲ့သည့်ရက်များတွင် နိုင်ငံတကာ ပညာရှင်ဖွဲ့တစ်ဖွဲ့က  အာဖရိကတောရိုင်းတိရစ္ဆာန်သုတေသန ဂျာနယ်တစ်စောင်တွင် ဆောင်းပါးရေးသား ဖော်ပြခဲ့သည်။ 

ယခုနှစ် မေလမှ ဇွန်လအထိ ဘောစ့်ဝမ်နာ နိုင်ငံမြောက်ပိုင်းတွင် အာဖရိက ဆင်သေအလောင်း ၃၅၀ ခန့် တွေ့ရှိခဲ့ကြောင်းသိရသည်။ စုံစမ်းစစ်ဆေးမှုများအရ ၎င်းဆင်များ၏သေဆုံးမှုသည် အသက်အရွယ်၊ အထီးအမနှင့်မသက်ဆိုင်ကြောင်း၊ အချို့မှာ ရုတ်ခြည်းသေဆုံးသည့်အနေအထားမျိုးဖြစ်ကြောင်း ၊ သေဆုံးချိန်တွင် အရှေ့သို့ ထိုးကျသေဆုံးခြင်းဖြစ်ပြီး တစောင်းအနေအထားဖြင့်လဲကျခြင်း မဟုတ်ကြောင်း စစ်ဆေးတွေ့ရှိခဲ့ရသည်။ လူများ ရည်ရွယ်ချက်ရှိရှိ အစာအဆိပ်ပစ်ခြင်းလား၊ ငတ်မွတ်သေဆုံးခြင်းလား၊ ဥပဒေမဲ့အမဲလိုက်ခြင်းကြောင့်လား သို့မဟုတ် ရောဂါပိုးကူးစက်ခြင်း၊ သဘာဝ အဆိပ်သင့်ခြင်းကြောင့်သေဆုံးခြင်းလား ဟူ၍ လူအများက ဆင်သေဆုံးမှုအကြောင်းအရင်းအပေါ်  ခန့်မှန်းချက်အမျိုးမျိုး ပေးခဲ့ကြသည်။

 အာဖရိက ဘောစ့်ဝမ်နာနိုင်ငံတွင် ထူးဆန်းစွာ သေဆုံးခဲ့သည် ဆင်ရုပ်ကြွင်းများအား တွေ့ရစဉ် (ဆင်ဟွာ)

 အာဖရိက ဘောစ့်ဝမ်နာနိုင်ငံတွင် ထူးဆန်းစွာ သေဆုံးခဲ့သည် ဆင်ရုပ်ကြွင်းများအား တွေ့ရစဉ် (ဆင်ဟွာ)

 အာဖရိက ဘောစ့်ဝမ်နာနိုင်ငံတွင် ထူးဆန်းစွာ သေဆုံးခဲ့သည် ဆင်ရုပ်ကြွင်းများအား တွေ့ရစဉ် (ဆင်ဟွာ)

ဆောင်းပါးရှင် တစ်ဦးဖြစ်သည့် တောင်အာဖရိက ပရီတိုးရီးယားတက္ကသိုလ် တိရစ္ဆာန်နှင့်ပိုးမွှားဗေဒဆိုင်ရာ ဌာနမှူး Armanda Bastosက လက်ရှိ ဆင်များ သေဆုံးမှုအကြောင်းအရင်းကို အတိအကျ ကောက်ချက်မချနိုင်သေးသော်လည်း  အနီးတဝိုက်တွင် အခြား တိရစ္ဆာန်များ သေဆုံးမှုမရှိသောကြောင့် အခြေခံအားဖြင့် လူ အစာအဆိပ်ပစ်ခြင်းကြောင့်သေဆုံးရခြင်းဖြစ်နိုင်သည့် အခြေအနေမရှိကြောင်း၊ ဆင်စွယ်များ ပျောက်ဆုံးပျက်စီးခြင်းမရှိသောကြောင့် တရားမဝင် အမဲလိုက်ခြင်းကြောင့် ဖြစ်နိုင်ခြေလည်း သိပ်မရှိကြောင်းနှင့် ယင်းဒေသတွင် ဆင်တိရစ္ဆာန်များကို အစာရေစာအပြည့်အဝပေးထားသောကြောင့် ငတ်မွတ်သေဆုံးခြင်းမျိုးလည်း ဖြစ်နိုင်ခြေ မရှိကြောင်း ၊ သေဆုံးမှုအခြေအနေအရ ထောင့်သန်းရောဂါ ကူးစက်မှုဟူသော ယူဆချက်ကိုလည်း ဖယ်ရှားပစ်နိုင်ကြောင်း ဆိုသည်။ 

ကျွမ်းကျင်ပညာရှင်အဖွဲ့က ကူးစက်ရောဂါ စိစစ်မှုများကို ဘက်စုံ လျှင်မြန်စွာဆောင်ရွက်ရန်၊ ယင်းဒေသရှိ ရောဂါပြန့်ပွားမှုအခြေအနေကို နားလည်သိရှိအောင် ဆောင်ရွက်ကြရန် ဓါတ်ခွဲသုတေသနပြု၍ ထဲထဲဝင်ဝင်လေ့လာကြရန် တိုက်တွန်းထားသည်။ အကယ်၍ အဆိုပါဆင်များ၏ သေဆုံးသည့် အကြောင်းအရင်း အခြေအနေအမှန်ကို မသိရပါက ထိုအခြေအနေမျိုးဆက်လက်ဖြစ်ပွားမှုကို တားဆီးနိုင်ရန် ခဲယဉ်းသွားမည်ဖြစ်ကြောင်း ၊ အာဖရိကဆင်အမြောက်အများသေဆုံးမှုသည် အာဖရိကတိုက် ကုန်နေတိရစ္ဆာန်များမျိုးနွယ်စုများအပေါ် ကြီးမားသည့် သက်ရောက်မှုရှိလာနိုင်သလို အာရှဆင်များကိုလည်း ရိုက်ခတ်မှု ရှိလာနိုင်ကြောင်း ပညာရှင်များ ဆိုကြသည်။ (Xinhua) 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.