Connect with us

Africa & Middle East

လက်ဘနွန်နိုင်ငံ မြို့တော် ဘေရွတ်တွင် ဆန္ဒပြလှုပ်ရှားမှုကြီး ဖြစ်ပွား

လက်ဘနွန်နိုင်ငံ ဘေရွတ်မြို့တွင် ဩဂုတ် ၈ ရက်က ဖြစ်ပွားသည့် ဆန္ဒပြလှုပ်ရှားမှုများအား တွေ့ရစဉ်(ဆင်ဟွာ)

ဘေရွတ်၊ ဩဂုတ် ၉ ရက်(ဆင်ဟွာ)

လက်ဘနွန်နိုင်ငံ မြို့တော် ဘေရွတ်တွင် ဩဂုတ် ၈ ရက်က ဆန္ဒပြလှုပ်ရှားမှုကြီး ဖြစ်ပွားခဲ့ရာ ဆန္ဒပြသူနှင့် ရဲတပ်ဖွဲ့အကြား ပြင်းထန်သည့် ရုန်းရင်းဆန်ခတ်မှုများ ဖြစ်ပွားခဲ့ကြောင်း ၊အနည်းဆုံး လူ ၁ ဦး သေဆုံးပြီး ၂၃၈ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ထောင်နှင့်ချီသော ဆန္ဒပြသူများသည် ဘေရွတ်မြို့ မြို့လယ်ခေါင်တွင် စုရုံး၍ ဘေရွတ်ဆိပ်ကမ်းတွင် ဖြစ်ပွားသည့်ပေါက်ကွဲမှုနှင့် အာဏာပိုင်များ၏ အကျင့်ပျက်ချစားမှုများ အပေါ် ဆန့်ကျင် ဆန္ဒပြခဲ့ကြောင်း  လက်ဘနွန် မီဒီယာများ၏ သတင်းဖော်ပြချက်များအရ သိရသည်။

လက်ဘနွန်နိုင်ငံ ဘေရွတ်မြို့တွင် ဩဂုတ် ၈ ရက်က ဖြစ်ပွားသည့် ဆန္ဒပြလှုပ်ရှားမှုများအား တွေ့ရစဉ်(ဆင်ဟွာ)

ရုပ်မြင်သံကြားထုတ်လွှင့်ချက်များအရ ဆန္ဒပြသူများသည် လက်ဘနွန် လွှတ်တော် အဆောက်အဦတည်ရှိရာသို့ ဝင်ရောက်ရန် ကြိုးပမ်းခဲ့ပြီး ရဲတပ်ဖွဲ့နှင့် ရုန်းရင်းဆန်ခတ်မှုဖြစ်ပွားခဲ့ကြောင်းသိရသည်။ဆန္ဒပြသူများက ရဲတပ်ဖွဲ့ကို ကျောက်ခဲများ၊ မီးခိုးဗုံးများ ဖြင့် ပစ်ခတ်ခဲ့ရာ ရဲတပ်ဖွဲ့ကလည်း မျက်ရည်ယိုဗုံးများ ဖြင့် ပြန်လည် ပစ်လွှတ်၍ လူစုခွဲခဲ့ရကြောင်း သိရသည်။ ဆန္ဒပြမှုအတွင်း ဆန္ဒပြသူအချို့ကလက်ဘနွန်နိုင်ငံခြားရေးဝန်ကြီးဌာန၊ စီးပွားရေး ဝန်ကြီးဌာနနှင့် သဘာဝပတ်ဝန်းကျင် ဝန်ကြီးဌာန အဆောက်အဦများကို တိုးဝင်ခဲ့ကြကြောင်းနှင့် မော်တော်ယာဉ်နှင့် အဆောက်အဦအချို့ကို မီးရှို့ခဲ့ကြောင်း သိရသည်။

လက်ဘနွန်နိုင်ငံ ဘေရွတ်မြို့တွင် ဩဂုတ် ၈ ရက်က ဖြစ်ပွားသည့် ဆန္ဒပြလှုပ်ရှားမှုများအား တွေ့ရစဉ်(ဆင်ဟွာ)

လက်ဘနွန်နိုင်ငံ ဘေရွတ်မြို့တွင် ဩဂုတ် ၈ ရက်က ဖြစ်ပွားသည့် ဆန္ဒပြလှုပ်ရှားမှုများအား တွေ့ရစဉ်(ဆင်ဟွာ)

လက်ဘနွန်နိုင်ငံ ဘေရွတ်မြို့တွင် ဩဂုတ် ၈ ရက်က ဖြစ်ပွားသည့် ဆန္ဒပြလှုပ်ရှားမှုများအား တွေ့ရစဉ်(ဆင်ဟွာ)

 

လက်ဘနွန်နိုင်ငံ ဘေရွတ်မြို့တွင် ဩဂုတ် ၈ ရက်က ဖြစ်ပွားသည့် ဆန္ဒပြလှုပ်ရှားမှုများအား တွေ့ရစဉ်(ဆင်ဟွာ)

တိုက်ခိုက်မှုအတွင်း ရဲတပ်ဖွဲ့ဝင်တစ်ဦး ဒဏ်ရာရသေဆုံးခဲ့ကြောင်း လက်ဘနွန် ပြည်တွင်းလုံခြုံရေးတပ်ဖွဲ့၏ ကြေညာချက်တွင် အတည်ပြုဖော်ပြထားသည်။ လက်ဘနွန် ကြက်ခြေနီအသင်း၏ ကြေညာချက်အရ ပဋိပက္ခဖြစ်ပွားမှုအတွင်း ဆန္ဒပြသူနှင့်ရဲတပ်ဖွဲ့ဝင် ၂၃၈ ဦး ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။ ၎င်းတို့အနက် ဒဏ်ရာရသူ ၆၃ ဦးကို ဆေးရုံသို့ ပို့ဆောင်ထားပြီး ကျန်သူများကို အချင်းဖြစ်ပွားရာနေရာတွင် ဆေးကုသမှုပေးခဲ့ကြောင်း သိရသည်။

ဆန္ဒပြမှု ဖြစ်ပွားရာ အချင်းဖြစ်နေရာသို့ဆေးကုသရေးအဖွဲ့ အနည်းဆုံး ၂၃ ဖွဲ့ စေလွှတ်ထားကြောင်း လက်ဘနွန် ကြက်ခြေနီအသင်းက ဆိုသည်။လက်ဘနွန် စစ်တပ်ကလည်း ဆန္ဒပြရာနေရာပတ်ဝန်းကျင်ကို တပ်သားအင်အား အမြောက်အမြားချထားပြီး ဖြစ်ကြောင်း နှင့် ကြေညာချက်မှတစ်ဆင့် ဆန္ဒပြသူများအား ထိန်းထိန်းသိမ်းသိမ်းနေကြရန် တိုက်တွန်းခဲ့ကြောင်း သိရသည်။

လက်ဘနွန် ဆိပ်ကမ်းတွင် ဩဂုတ် ၄ ရက် ညနေပိုင်းက ပြင်းထန်သည့် ပေါက်ကွဲမှုဖြစ်ပွားခဲ့သည်။ လက်ဘနွန် ကျန်းမာရေးဝန်ကြီးဌာန၏ ဩဂုတ် ၈ ရက် နောက်ဆုံးရ ကိန်းဂဏန်းများအရ ပေါက်ကွဲမှုအတွင်း သေဆုံးသူ ၁၅၈ ဦး ၊ ဒဏ်ရာရသူ ၆,၀၀၀ ကျော် ရှိခဲ့သလို ပျောက်နေသူ ဒါဇင်နှင့်ချီရှိကြောင်းသိရသည်။ အချင်းဖြစ်ပွားမှုကြောင့် လူပေါင်း ၃ သိန်းခန့် အိုးမဲ့အိမ်မဲ ဖြစ်ခဲ့ရကြောင်း သိရသည်။ လက်ဘနွန် အစိုးရက ဩဂုတ် ၅ ရက်မှာပင် ဘေရွတ်မြို့ကို ဩဂုတ် ၁၈ ရက်အထိ အရေးပေါ်အခြေအနေကြေညာခဲ့ပြီး လုံခြုံရေးအစီအမံများကို စစ်တပ်မှ တာဝန်ယူဆောင်ရွက်ရန် ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။ (Xinhua)