Connect with us

Africa & Middle East

အိန္ဒိယအလယ်ပိုင်းရှိ ရေတံခွန်တစ်ခုတွင် ခရီးသွား ၁၂ဦး ရေစီးနှင့်မျောပါသွားခဲ့

အိန္ဒိယရှိ Sultangarh ရေတံခွန်တွင် ရေစီးနှင့် မျောပါသွားသူများအား တွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

နယူးဒေလီ၊ သြဂုတ် ၁၆ ရက် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံ အလယ်ပိုင်း Madhya Pradesh ပြည်နယ် ရှိ ရေကြီးနေသော ရေတံခွန်တစ်ခုတွင် အနည်းဆုံးလူ အယောက် ၃၀ ပိတ်မိနေပြီး ခရီးသွား ၁၂ဦး ခန့် ရေစီးနှင့် မျောပါသွားခဲ့ကြောင်း ပြည်တွင်းသတင်း၌ဖော်ပြခဲ့သည်။

အဆိုပါ ဖြစ်ရပ်သည် ပြည်နယ်အတွင်းရှိ Shivpuri ခရိုင် ၏ Sultangarh ရေတံခွန်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အိန္ဒိယရေတပ် (IAF) မှ ရဟတ်ယာဉ်တစ်စင်း သည် ရေတံခွန်အတွင်း ပိတ်မိနေသူ ၇ဦးကို ကယ်ဆယ်ခဲ့ကာ အခြားသူများအား ကယ်ဆယ်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ဒေသခံတာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ ရေတံခွန်အတွင်း ပိတ်မိနေသူအားလုံးကို ကယ်ဆယ်ရန် လုပ်ဆောင်နေကြောင်း သိရသည်။

သတင်းဖော်ပြချက်များအရ လေပြင်းများတိုက်ခတ်မှု နှင့် အလင်းရောင်နည်းပါးမှုတို့က ကယ်ဆယ်ရေးလုပ်ငန်းများကို နှောင့်နှေးစေကြောင်း သိရသည်။

မျက်မြင်တွေ့ရှိသူများ၏ ပြောကြားချက်အရ အိန္ဒိယနိုင်ငံ၏ ၇၂နှစ်ပြည့် လွတ်လပ်ရေးနေ့အား ကျင်းပရန် လူငယ် အယောက် ၄၀ခန့်သည် ရေတံခွန်သို့ အပန်းဖြေခရီးထွက်လာခဲ့ကြောင်း နှင့် အနီးအနားရှိ ဆည်တစ်ခုမှ ရုတ်တရက်ရေလွှတ်လိုက်၍ ၎င်းတို့အနက် ၁၂ဦးမှာ ရေတံခွန်၌ရေချိုးနေစဉ် ရေစီးနှင့်မျောပါသွားကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.