Connect with us

Africa & Middle East

လစ်ဗျားတရားရုံးက ကဒါဖီ ထောက်ခံသူများကို ဆန္ဒပြသူများအား သတ်ဖြတ်မှုဖြင့် သေဒဏ်ချမှတ်

လစ်ဗျားနိုင်ငံ ခေါင်းဆောင်ဟောင်း ကဒါဖီ အား ၂၀၀၉ခုနှစ် ဖေဖော်ဝါရီ ၂ရက်ကတွေ့ရစဉ် (ဆင်ဟွာ)

ထရီပိုလီ၊ သြဂုတ် ၁၆ ရက် (ဆင်ဟွာ)

လစ်ဗျားနိုင်ငံ အယူခံတရားရုံး က ခေါင်းဆောင်ဟောင်း ကဒါဖီ အား ထောက်ခံသူများကို ၂၀၁၁ခုနှစ် အုံကြွလှုပ်ရှားမှု ကာလအတွင်း မြို့တော် ထရီပိုလီမြို့တွင် ဆန္ဒပြသူများကို သတ်ဖြတ်မှုဖြင့် သြဂုတ် ၁၅ ရက်တွင် သေဒဏ်ချမှတ်ခဲ့ကြောင်း တရားရေးရာဝန်ကြီးဌာနက ပြောကြားခဲ့သည်။

ဝန်ကြီးဌာနက တရားရုံးသည် လူ ၉၉ဦးကို ပြစ်မှုထင်ရှားကြောင်း အမိန့်ချမှတ်ခဲ့ပြီး ၎င်းတို့အနက် ၄၅ဦးကို သေဒဏ်ချမှတ်ခဲ့ကြောင်း ပြောကြားခဲ့သည်။လစ်ဗျားနိုင်ငံ အား ကဒါဖီ အုပ်ချုပ်စဉ် ၎င်းအား ထောက်ခံသူများသည် ၂၀၁၁ခုနှစ် သြဂုတ် ၂၁ ရက်တွင် မြို့တော် ထရီပိုလီမြို့ ရှိ အဝေးပြေးလမ်းမအနီးတွင် ဆန္ဒပြပြည်သူများကို သတ်ဖြတ်ခဲ့ကြောင်း သိရသည်။ဗွီဒီယိုများ၏ဖော်ပြချက်အရ ကဒါဖီ ဘက်တော်သားများသည် ဆန္ဒပြသူများအား ဒူးထောက်ရန်အတင်းအကျပ်စေခိုင်းပြီး ယင်းနေရာ၌ပင် သတ်ဖြတ်ခဲ့ကြကြောင်း သိရသည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117