Connect with us

Africa & Middle East

အိုင်အက်စ် အဖွဲ့ဝင်အဖြစ် သံသယရှိသူ ၃၃ ဦးအား တူရကီ ထိန်းသိမ်း

တူရကီ၌ (IS) အဖွဲ့ဝင်များ အဖြစ် သံသယ ရှိရသူများအား ရဲတပ်ဖွဲ့ဝင်များက စစ်ဆင်ရေးများ ပြုလုပ်ရှာဖွေနေစဉ် (ဆင်ဟွာ)

အန်ကာရာ၊ ဇန်နဝါရီ ၁၁ ရက် (ဆင်ဟွာ)

အစ္စတန်ဘူလ် နှင့် အက်ဒါနာပြည်နယ် တောင်ပိုင်းတွင် အိုင်အက်စ် (IS) အဖွဲ့ဝင်ဟု ယူဆရသူ ၃၃ ဦးအား တူရကီ ရဲများက ထိန်းသိမ်းထားကြောင်း ပြည်တွင်း ဒိုဂန် သတင်း အေဂျင်စီက ဇန်နဝါရီလ ၁၀ ရက် (တနင်္ဂနွေနေ့) က ပြောခဲ့သည်။

ထိုနေ့ အစောပိုင်းက အကြမ်းဖက်မှု တိုက်ဖျက်ရေး ရဲများသည် အစ္စတန်ဘူလ်ရှိ ပြည်နယ် ငါးခုအား စစ်ဆင် ရေးများ တပြိုင်နက် ပြုလုပ်ခဲ့ရာ အိုင်အက်စ် အဖွဲ့ဝင်အဖြစ် သံသယရှိသူ ၁၀ ဦးအား ဖမ်းဆီးနိုင်ခဲ့ သည်။

အဆိုပါ ထိန်းသိမ်းခံရသူများသည် ပဋိပက္ခ ဇုန်များအတွင်း IS စစ်သွေးကြွများနှင့် ဆက်သွယ်မှု ရှိသူများ ဖြစ်ကြောင်း ဒေသခံ မီဒီယာများက ဖော်ပြထားသည်။

IS နှင့် ဆက်သွယ် ပူးပေါင်းမည့် နိုင်ငံခြားသား ၁၆ ဦးနှင့် IS စစ်သွေးကြွ အဖြစ် စုဆောင်းထားသူ တူရကီ နိုင်ငံသား ၇ ဦး ပါဝင်သည့် သံသယရှိသူ ၂၃ ဦးကိုမူ အက်ဒါနာတွင် အကျဉ်း ချထားကြောင်း သိ ရသည်။

သတင်းများ တင်ပြချက်များအရ အကြမ်းဖက်မှု တိုက်ဖျက်ရေး ရဲများသည် IS အဖွဲ့ဝင် စုဆောင်းသူ ၇ ဦးက IS အဖွဲ့သို့ ဝင်ရောက်မည့် နိုင်ငံခြားသူများနှင့် ကလေးများနှင့် အတူ ခရီးသွားလာနေကြောင်း သတင်းပေးမှု မှတဆင့် ထိုစစ်ဆင်ရေးအား စတင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

သတင်းပေးချက်အရ IS တို့ လက်နက် တပ်ဆင်ပေးထားသည်ဟု သံသယရှိသော တူရကီ နိုင်ငံသား ၁၀ ဦးကို ရုရှား အမျိုးသမီး တစ်ဦးနှင့် အီဂျစ်လူမျိုး ၁၅ ဦး နှင့် အတူ ဖမ်းဆီးခဲ့သည်။

၎င်းတို့အား ကျန်းမာရေး စစ်ဆေးပြီးနောက် နိုင်ငံခြားသား ၁၆ ဦးကို ပြည်နှင်ဒဏ် ပေးရန်အတွက် ရွှေ့ပြောင်း သွားလာရေးဆိုင်ရာ စီမံခန့်ခွဲမှုဌာနသို့ လွှဲပြောင်းပေးလိုက်ကြောင်း Daily News ကဖြည့်စွက် ဖော်ပြထား သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.