Connect with us

Africa & Middle East

လစ်ဗျားရှိ စစ်သင်တန်းကျောင်း တစ်ခု ကားဗုံး ပေါက်ကွဲမှုကြောင့် အနည်းဆုံး လူ ၃၀ ဦး သေဆုံး

လစ်ဗျားနိုင်ငံ မြို့တော် ထရီပိုလီ၌ လူ ၃၀ ဦးသေဆုံးသည်အထိ အကြမ်းဖက် ကားဗုံးဖောက်ခွဲ တိုက်ခိုက်မှုအတွင်း ပျက်စီးခဲ့သော ကားများကို တွေ့ရစဉ် (ဆင်ဟွာ)

ထရီပိုလီ၊ ဇန်နဝါရီ ၈ ရက် (ဆင်ဟွာ)

လစ်ဗျားနိုင်ငံ မြို့တော် ထရီပိုလီ အရှေ့ပိုင်းရှိ စစ်သင်တန်းကျောင်း တစ်ခုတွင် ဇန်နဝါရီလ ၇ ရက်က ကားဗုံး ပေါက်ကွဲမှုကြောင့် အနည်းဆုံး လူ ၃၀ ဦးသေဆုံးခဲ့ပြီး လူရာပေါင်းများစွာ ဒဏ်ရာ ရရှိခဲ့ကြောင်း ဒေသခံ လုံခြုံရေး သတင်း ရင်းမြစ်များအရ သိရသည်။

အသေခံ ဗုံးပေါက်ခွဲသူ တစ်ဦးသည် လောင်စာဆီတင် ထရပ်ကား တစ်စီးအား ဇလီတန်မြို့ အစွန်အဖျားရှိ ရဲ ၄၀၀ ခန့် အစည်းအဝေး ပြုလုပ်လျက်ရှိသော ကမ်းခြေစောင့်တပ် စခန်းထဲသို့ မောင်းနှင်ကာ ကားဗုံး ဖောက်ခွဲခဲ့ ကြောင်း အခင်းဖြစ်နေရာတွင် ရှိနေခဲ့သည့် အမည်မဖော်လိုသူ လုံခြုံရေး အရာရှိက ပြောသည်။

သေဆုံးသူနှင့် ဒဏ်ရာ ရရှိသူ အရေအတွက်မှာ ဆက်လက် မြင့်တက်နိုင်ကြောင်း ၎င်းအရာရှိက ပြောခဲ့သည်။

ယင်းတိုက်ခိုက်မှုအား မည်သည့် အဖွဲ့အစည်း၏ လက်ချက် ဖြစ်ကြောင်း ပြောဆိုထားခြင်း မရှိသေးသော် လည်း ယင်းဖြစ်ရပ်၏ နောက်ကွယ်၌ အိုင်အက်စ် (IS) အဖွဲ့ရှိကြောင်း ဒေသခံ မီဒီယာများက ကျယ်ကျယ်ပြန့်ပြန့် ဖော်ပြခဲ့ သည်။

ထိုအကြမ်းဖက် တိုက်ခိုက်မှု နှင့်ပတ်သက်၍ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းနှင့် ဥရောပ သမဂ္ဂ နိုင်ငံခြား မူဝါဒ ရေးရာ အကြီးအကဲ တို့က သီးခြားစီ ကြေညာချက် ထုတ်ကာ အပြင်းအထန် ရှုတ်ချ ခဲ့ကြ သည်။

လစ်ဗျားရှိ IS အဖွဲ့ဝင် များသည် ၎င်းတို့၏ အကြမ်းဖက်မှုများ ချဲ့ထွင်ရန် အဓိက လှုပ်ရှားမှုပေါင်း များစွာ ပြုလုပ်ရန် လတ်တလော ကြေညာထားခဲ့သည်။

လစ်ဗျားတွင် ၂၀၁၁ ခုနှစ်တွင် မွမ်မာ ဂဒါဖီ သေဆုံးပြီး ကတည်းက လုံခြုံရေး လစ်ဟာမှုများ ကြုံတွေ့ခဲ့ရပြီး IS အစွန်းရောက် အဖွဲ့၏ အန္တရာယ်များ ကြုံတွေ့ခဲ့ရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.