Connect with us

Africa & Middle East

အီဂျစ် နိုင်ငံ အစိုးရ တပ်ဖွဲ့ က အကြမ်းဖက် သမား ဟု သံသယ ရှိ သူ ၁၄ ဦး ကို ပစ်ခတ် ရှင်းလင်း

နိုဝင်ဘာ ၂၄ ရက်နေ့၌ အီဂျစ် နိုင်ငံ North Sinai ပြည်နယ် တွင် ဖြစ်ပွား ခဲ့သည့် အကြမ်းဖက် တိုက်ခိုက်မှု အား မြင်တွေ့ရစဉ်(ဆင်ဟွာ)

ကိုင်ရို ၊ နိုဝင်ဘာ ၂၉ ရက် (ဆင်ဟွာ)

အီဂျစ် နိုင်ငံ ပြည်ထဲရေး ဝန်ကြီးဌာန နှင့် စစ်ဘက်ဆိုင်ရာ တို့မှ ထုတ်ပြန်ခဲ့သည့် ကြေညာချက် အရ အီဂျစ် နိုင်ငံ စစ်ဘက်ဆိုင်ရာ က နိုဝင်ဘာ ၂၈ ရက်နေ့ ၌ North Sinai ပြည်နယ် နှင့် Ismailia ပြည်နယ် တို့တွင် အကြမ်းဖက် သမား ဟု သံသယ ရှိသူ ၁၄ ဦး ကို ပစ်ခတ် ရှင်းလင်း ခဲ့ကြောင်း သိရှိခဲ့ရသည်။

အီဂျစ် နိုင်ငံ ပြည်ထဲရေး ဝန်ကြီးဌာန ၏ ထုတ်ပြန်ချက်တွင် အစိုးရ တပ်ဖွဲ့ က Ismailia ပြည်နယ် အတွင်းရှိ အကြမ်းဖက် သမား လေ့ကျင့်ရေး စခန်း ဟု သံသယ ရှိသည့် နေရာ ကို ရှာဖွေစစ်ဆေးမှုများဆောင်ရွက် ခဲ့ရာတွင် လက်နက်ကိုင် အဖွဲ့ နှင့် တိုက်ခိုက်မှု ဖြစ်ပွား ခဲ့ပြီး ၁၁ ဦး ကို ပစ်ခတ် ရှင်းလင်းနိုင်ခဲ့ကာ ၉ ဦး ကို ဖမ်းဆီး နိုင်ခဲ့ကြောင်း ပါဝင် ခဲ့သည်။

အီဂျစ် နိုင်ငံ စစ်ဘက်ဆိုင်ရာ ၏ ထုတ်ပြန်ချက် အရ North Sinai ပြည်နယ် တွင်လည်း အစိုးရ တပ်ဖွဲ့ က စစ်ရေး လှုပ်ရှားမှု ဆောင်ရွက်ခဲ့ရာတွင် အကြမ်းဖက် သမား ဟု သံသယ ရှိသူ ၃ ဦး ကို ပစ်ခတ်ရှင်းလင်း နိုင်ခဲ့ပြီး ၅ ဦး ကို ဖမ်းဆီး နိုင်ခဲ့ကြောင်း သိရှိခဲ့ရသည်။

အီဂျစ် နိုင်ငံ North Sinai ပြည်နယ် ရှိ ဗလီ တစ်ခု သည် နိုဝင်ဘာ ၂၄ ရက်နေ့၌ အကြမ်းဖက် တိုက်ခိုက်မှု ခံခဲ့ရပြီး လူပေါင်း အနည်းဆုံး ၃၀၅ ဦး သေဆုံးခဲ့ကာ ၁၂၈ ဦး ဒဏ်ရာရရှိခဲ့သည်။ အကြမ်းဖက် တိုက်ခိုက်မှု ဆောင်ရွက်ခဲ့သူ များသည် IS အစွန်းရောက် အဖွဲ့အစည်း ၏ အလံ များကို ကိုင်ဆောင်ထားကြောင်း သိရှိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.