Connect with us

Africa & Middle East

ပါကစ္စတန် ဗလီတစ်ခု အပြင်ဘက်တွင် ပစ်ခတ်မှုကြောင့် လူ ၂ဦးသေဆုံး

ပစ်ခတ်မှုဖြစ်ပွားခဲ့သည့် ပါကစ္စတန်နိုင်ငံ မြို့တော် အစ္စလာမ်မာဘတ်မြို့ ရှိ ဗလီတစ်ခုအားတွေ့ရစဉ် (ဆင်ဟွာ)

အစ္စလာမ်မာဘတ်၊ နိုဝင်ဘာ ၃၀ ရက် (ဆင်ဟွာ)

ပါကစ္စတန်နိုင်ငံ မြို့တော် အစ္စလာမ်မာဘတ်မြို့ တွင် နိုဝင်ဘာ ၂၉ ရက် ညနေပိုင်း က လူမျိုးရေးတိုက်ခိုက်မှုတစ်ခုဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၂ဦးသေဆုံးပြီး အခြားလူ ၄ဦး ဒဏ်ရာရရှိခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။

အမည်မဖော်လိုသူ ရဲတာဝန်ရှိသူက ဆုတောင်းဝတ်ပြုသူများသည် ညနေပိုင်း ဆုတောင်းမှုအပြီး ရှီးအိုက်ဗလီအပြင်ဘက်သို့ ထွက်လာစဉ် တိုက်ခိုက်မှုဖြစ်ပွားခဲ့ကြောင်း ဆင်ဟွာသို့ပြောကြားခဲ့သည်။အစ္စလာမ်မာဘတ်မြို့၏ ဧရိယာအပိုင်း I-8 ၌ ဒေသစံတော်ချိန် ညနေ ၆း၄၅နာရီတွင် မော်တော်ဆိုင်ကယ် စီးနင်းလာသည့် သေနတ်သမား နှစ်ဦးက တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ၎င်းတို့သည် အခင်းဖြစ်ပွားရာမှ လွတ်မြောက်သွားခဲ့ကြောင်း တာဝန်ရှိသူကပြောကြားခဲ့သည်။

သေနတ်သမားများသည် လူအုပ်ထဲသို့ သေနတ်ဖြင့် ၁၅ချက် ဝေ့ယမ်းပစ်ခတ်ခဲ့ပြီးနောက် ထွက်ပြေးသွားကြကြောင်း ၎င်းကပြောကြားခဲ့သည်။ယင်းတိုက်ခိုက်မှုကြောင့် အခင်းဖြစ်ပွားရာ၌ပင် လူတစ်ဦးသေဆုံးသွားခဲ့ပြီး အခြားဒဏ်ရာရရှိသူ ၅ဦးကို ဆေးရုံသို့ ပို့ဆောင်စဉ် တစ်ဦးမှာ ဒဏ်ရာပြင်းထန်၍ သေဆုံးသွားခဲ့ကြောင်း သိရသည်။

ရဲတပ်ဖွဲ့က တိုက်ခိုက်မှုဖြစ်ပွားရာနေရာ၌ အတားအဆီးများ ချထားပြီး လွတ်မြောက်နေသည့် အကြမ်းဖက်သမားများကို ရှာဖွေရေးများပြုလုပ်နေကြောင်း သိရသည်။ယင်းတိုက်ခိုက်မှုအား မည်သည့်အဖွဲ့အစည်း (သို့) မည်သူက ပြုလုပ်ခြင်းဖြစ်သည်ကို ထုတ်ဖော်ပြောကြားခြင်းမရှိသေးကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.