Africa & Middle East
အီရတ်နိုင်ငံ တွင် ဒေါသထွက်နေသည့် ဆန္ဒပြသူများက အီရန်ကောင်စစ်ဝန်ရုံး အား မီးတင်ရှို့
ဘဂ္ဂဒက်၊ စက်တင်ဘာ ၈ ရက် (ဆင်ဟွာ)
အီရတ်နိုင်ငံ တောင်ပိုင်း Basra မြို့ ရှိ အီရန်ကောင်စစ်ဝန်ရုံး အား ဆန္ဒပြသူများစွာ က ဝင်ရောက်စီးနင်းခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များ ဆုတ်ခွာသွားချိန်တွင် အဆောက်အအုံအား မီးရှို့ခဲ့ကြောင်း ဒေသခံလုံခြုံရေးသတင်းရင်းမြစ် က စက်တင်ဘာ ၇ ရက်တွင်ပြောကြားခဲ့သည်။
ဒေါသထွက်နေသော ဆန္ဒပြသူများသည် ကောင်စစ်ဝန်ရုံးကို လုံခြုံရေးတာဝန်ယူနေသည့် တပ်ဖွဲ့ဝင်များအား ဆုတ်ခွာသွားရန် ညနေပိုင်းတွင် တွန်းအားပေးခဲ့ပြီးနောက် ကောင်စစ်ဝန်ရုံးအဆောက်အအုံ အတွင်းသို့ ဝင်ရောက်ခဲ့ကြကာ မီးရှို့ခဲ့ကြကြောင်း အမည်မဖော်လိုသူ တစ်ဦးက ဆင်ဟွာသို့ပြောကြားခဲ့သည်။
အီရတ်နိုင်ငံ တောင်ပိုင်း ရေနံထွက်ရှိရာ Basra ပြည်နယ် တွင် ရေညစ်ညမ်းမှုနှင့် များပြားလှသော အကျင့်ပျက်ခြစားမှုများကြောင့် ရှီယိုက်စစ်သွေးကြွများ၏ ရုံးချုပ်များ နှင့် ဦးဆောင်နိုင်ငံရေးပါတီများ၏ ရုံးဌာနများကို ရာပေါင်းများစွာသော ဆန္ဒပြသူများက မီးရှို့ခဲ့ကာ ဆန္ဒပြမှုများ အရှိန်မြင့်တက်လာပြီး ရက်အနည်းငယ်အကြာတွင် ကောင်စစ်ဝန်ရုံးမီးရှို့ခံရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)