Connect with us

Africa & Middle East

အီရတ်နိုင်ငံ၌ ဆန္ဒပြပွဲအတွင်း လူ ၁၅ ဦးသေဆုံး ၊ ၁၉ဝ ဦးဒဏ်ရာရ


ဘဂ္ဂဒတ် ၊ စက်တင်ဘာ ၉ ရက်(ဆင်ဟွာ)

အီရတ်နိုင်ငံ၌ ရက်ပေါင်းအတော်ကြာဖြစ်ပွားခဲ့သော ဆန္ဒပြပွဲများအတွင်း အဓိကရုဏ်းဖြစ်ပွားရာမှ လူ ၁၅ ဦးသေဆုံးပြီး ၁၉ဝ ကျော် ထိခိုက်ဒဏ်ရာရခဲ့ကြောင်း အီရတ်နိုင်ငံ ကျန်းမာရေးဝန်ကြီးဌာန က စက်တင်ဘာ ၈ ရက်တွင် ပြောကြားခဲ့သည်။

“ ဆန္ဒပြသမားတွေရော လုံခြုံရေးတပ်ဖွဲ့ဝင်တွေပါ သေဆုံးခဲ့ရတာပါ” ဟု ကျန်းမာရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူ Sayf Bader က ထုတ်ပြန်ချက်ထဲတွင် ဆိုထားသည်။ဒဏ်ရာရသူများကို ဘာဆရာ(Basra) ပြည်နယ်အတွင်းရှိ ဆေးရုံများသို့ပို့ဆောင်၍ ဆေးကုသမှုပေးထားကြောင်း Bader က ပြောသည်။ ရက်သတ္တပတ်အတွင်း ဒေါသထွက်နေသော ဆန္ဒပြသမားများသည် ပြည်နယ်အစိုးရရုံးအဆောက်အအုံများကို မီးရှိုးဖျက်ဆီးခဲ့ကြောင်း နှင့် နိုင်ငံအတွင်းကျယ်ကျယ်ပြန့်ပြန့်ဖြစ်ပွားနေသော အကျင့်ပျက်ခြစားမှုများ ၊ ညံ့ဖျင်းသော ပြည်သူ့ဝန်ဆောင်မှုများ ၊ အလုပ်လက်မဲ့ နှင့် ပြည်နယ်အတွင်း သောက်သုံးရေ မလုံလောက်မှုများကို ကန့်ကွက်ဆန္ဒပြခဲ့ကြသည်။နိုင်ငံတကာကြက်ခြေနီအဖွဲ့(ICRC) က ဘာဆရာမြို့၌ လုံခြုံရေးအခြေအနေဆိုးရွားနေမှုကို ထိန်းသိမ်းပေးရန် တောင်းဆိုထားသည်။ “ ဆန္ဒပြမှုကို ထိန်းချုပ်ဖို့ပစ်ခတ်မှုတွေလုပ်တဲ့အတွက် အရပ်သားသေဆုံးမှုနဲ့ သေဆုံးသူဆက်လက်မြင့်တက်လာမှုတွေဟာ စိုးရိမ်စရာကောင်းပါတယ် ” ဟု ICRC ကြေညာချက်တွင် ဖော်ပြထားသည်။ ဘာဆရာပြည်နယ်၌ ပြည်သူ ၂ သန်းကျော် နေထိုင်နေကြပြီး ၎င်းတို့သည် ပြိုပျက်နေသော အခြေခံအဆောက်အအုံများတွင် လျှပ်စစ်မီးပြတ်တောက်ခြင်း နှင့် အကျင့်ပျက်ခြစားမှုဒဏ်ကို ဆိုးဆိုးရွားရွားခံနေရသည်။

အီရတ်နိုင်ငံ၌ လူအသေအပျောက်များခဲ့သော ဆန္ဒပြပွဲအားတွေ့ရစဉ်(ဆင်ဟွာ)

အီရတ်နိုင်ငံ၌ လူအသေအပျောက်များခဲ့သော ဆန္ဒပြပွဲအားတွေ့ရစဉ်(ဆင်ဟွာ)

အီရတ်နိုင်ငံ၌ လူအသေအပျောက်များခဲ့သော ဆန္ဒပြပွဲအားတွေ့ရစဉ်(ဆင်ဟွာ)

ဆန္ဒပြသူများက အကျင့်ပျက်ခြစားမှုနောက်ကွယ်တွင် နိုင်ငံရေးပါတီများပါဝင်နေကြောင်း ၊ ယင်းမှတဆင့် နိုင်ငံအတွင်း အလုပ်လက်မဲ့နှုန်း မြင့်မားလာကြောင်း၊ ပြန်လည်ထူထောင်ရေး အောင်မြင်မှုမရကြောင်း၊ လျှပ်စစ်မီး နှင့် ရေ အလုံအလောက်မရခြင်း နှင့် အခြားအခြေခံဝန်ဆောင်မှုများ ဆုံးရှုံးမှုများ ဖြစ်ပေါ်နေကြောင်း စွပ်စွဲထားသည်။(Xinhua)