Africa & Middle East
အီရန်နိုင်ငံခြားရေးဝန်ကြီး၏ နှုတ်ထွက်စာအား အီရန်သမ္မတ ပယ်ချ
တီဟီရန်၊ ဖေဖော်ဝါရီ ၂၇ ရက် (ဆင်ဟွာ)
အီရန်နိုင်ငံ သမ္မတ ဟက်ဆန်ရိုဟာနီ (Hassan Rouhani) က နိုင်ငံခြားရေးဝန်ကြီး မိုဟာမက်ဂျာဗက်ဇာရစ်ဖ် (Mohammad Javad Zarif) ၏ နှုတ်ထွက်စာအား လက်ခံရန် ဖေဖော်ဝါရီ ၂၇ ရက် က တရားဝင် ပယ်ချခဲ့ကြောင်း နိုင်ငံပိုင် IRNA သတင်းဌာနကဖော်ပြခဲ့သည်။
ရိုဟာနီ က ဝန်ကြီး၏ နှုတ်ထွက်စာသည် နိုင်ငံ၏ ဟန်ချက်ညီမှုကို ပျက်ပြားစေကြောင်း ဇာရစ်ဖ်၏ နှုတ်ထွက်စာ နှင့် ပတ်သက်၍ အစောပိုင်းက တုံ့ပြန်ပြောကြားခဲ့သည်။
၎င်းက သို့ဖြစ်၍ ယင်းအား လက်မခံနိုင်ကြောင်း ပြောကြားခဲ့သည်။
ဖေဖော်ဝါရီ ၂၅ ရက်တွင် ဇာရစ်ဖ်သည် အင်စတာဂရမ်မှ ၎င်း၏ နှုတ်ထွက်မှု နှင့် ပတ်သက်၍ အရိပ်အမြွတ်ပြောကြားခဲ့ကြောင်း သိရသည်။
ရိုဟာနီသည် ဇာရစ်ဖ်အား ယုံကြည်ရသော၊ ရဲရင့်သော၊ ဘာသာရေးကိုင်းရှိုင်းသောာ ပုဂ္ဂိုလ်တစ်ဦး နှင့် အမေရိကန်နိုင်ငံမှ ဖိအားပေးမှုများကို ရှေ့တန်းမှ ခံစစ်သဖွယ် ခံထားပေးသော တာဝန်ရှိသူတစ်ဦး အဖြစ် သတ်မှတ်ထားကြောင်း သိရသည်။ (Xinhua)