Connect with us

Africa & Middle East

နိုင်ဂျီးရီးယားနိုင်ငံ သမ္မတ ရွေးကောက်ပွဲတွင် ဘူဟာရီ အနိုင်ရရှိကြောင်း ရွေးကောက်ပွဲကော်မရှင် ကြေညာ

နိုင်ဂျီးရီးယားနိုင်ငံ သမ္မတ မူဟာမတ်ဒူ ဘူဟာရီအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

အဘူဂျာ၊ ဖေဖော်ဝါရီ ၂၇ ရက် (ဆင်ဟွာ)

နိုင်ဂျီးရီးယားနိုင်ငံ သမ္မတ ရွေးကောက်ပွဲ၌ လက်ရှိသမ္မတ မူဟာမတ်ဒူ ဘူဟာရီ (Muhammadu Buhari) အနိုင်ရရှိသွားကြောင်း ရွေးကောက်ပွဲကော်မရှင်က ဖေဖော်ဝါရီလ ၂၇ ရက် အစောပိုင်းတွင် ကြေညာလိုက်သည်။

All Progressives Congress (APC) ပါတီ သမ္မတလောင်း ဘူဟာရီသည် ဖေဖော်ဝါရီလ ၂၃ ရက်တွင် ပြုလုပ်ခဲ့သော သမ္မတ ရွေးကောက်ပွဲတွင် မဲပေးခွင့်ရှိသူ ၂၇,၃၂၄,၅၈၃ ရှိသည့်အနက် မဲ ၁၅,၁၉၁,၈၄၇ သို့မဟုတ် ၅၅.၆ ရာခိုင်နှုန်း ဖြင့် ထိပ်ဆုံး၌ ရပ်တည်ခဲ့ကြောင်း လွတ်လပ်သော အမျိုးသား ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ မာမွတ် ယာကူဘူ (Mahmood Yakubu) က ကြေညာခဲ့သည်။

အဓိကအတိုက်အခံပါတီ People’s Democratic Party (PDP) မှ အဘူဘာကာ အတီကူ (Abubakar Atiku) က မဲ ၁၁,၂၆၂,၉၇၈ ရရှိခဲ့ပြီး မဲပေးခွင့်ရှိသူ၏ ၄၁.၂ ရာခိုင်နှုန်း ရရှိခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.