Connect with us

Africa & Middle East

အီရန်နိုင်ငံမြောက်ပိုင်း၌ ရေကြီးမှုဖြစ်ပွား ၊ လူ ၇ ဦးသေဆုံး


တီဟီရန် ၊ အောက်တိုဘာ ၇ ရက်(ဆင်ဟွာ)

အီရန်နိုင်ငံ မြောက်ပိုင်း နှင့် အနောက်မြောက်ပိုင်းဒေသများတွင် မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးမှုကြောင့် လွန်ခဲ့သော နှစ်ရက်တာအတွင်း အနည်းဆုံး လူ ၇ ဦးသေဆုံးခဲ့ရကြောင်း ISNA သတင်းအေဂျင်စီက အောက်တိုဘာ ၆ ရက်တွင် ဖော်ပြခဲ့သည်။

မျှော်လင့်မထားသော ရေကြီးမှုကြောင့် Mazandaran ၊ Gilan နှင့် Golestan ပြည်နယ်များရှိ လမ်းများ ၊ လူနေအိမ်များ နှင့် တံတားများ ပျက်စီးခဲ့ရပြီး အခြေခံအဆောက်အအုံများ ကြီးကြီးမားမား ပျက်စီးဆုံးရှုံးမှုဖြစ်ပေါ်ခဲ့ရကြောင်း သတင်းက ဆိုသည်။

အီရန်နိုင်ငံ၌ ရေကြီးရေလျှံမှု ဖြစ်ပွားနေသည်ကို တွေ့ရစဉ်(ဆင်ဟွာ)

ရေစီးထဲတွင် မော်တော်ယာဉ်များ မျောပါခဲ့ရကြောင်း ၊ ကျေးလက်ဒေသများတွင် လျှပ်စစ်ဓာတ်အား နှင့် ဓာတ်ငွေ့ပေးပို့မှုများလည်း ရပ်ဆိုင်းခဲ့ရကြောင်း သိရသည်။

အောက်တိုဘာ ၅ ရက်မှ စတင်ကာ မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး ၊ ယင်းမှာ အီရန်နိုင်ငံမြောက်ပိုင်းဒေသ၌ နှစ်ပေါင်း ၂ဝ အတွင်း အဆိုးရွားဆုံး မိုးကြီးမှုဖြစ်ကြောင်း သိရသည်။

အီရန်နိုင်ငံ ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေး အဖွဲ့က ရေကြီးရေလျှံမှုဖြစ်ပွားနေသော ဒေသများမှ ပြည်သူများကို ၎င်းတို့၏ နေအိမ်များမှ ဘေးလွတ်ရာသို့ကယ်ထုတ်ပေးခဲ့ကြောင်း ဆိုသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.