Connect with us

Africa & Middle East

အာဖဂန်တွင် ဗုံးပေါက်ကွဲမှုကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင် ၂ဦးသေဆုံး၊ ၉ဦး ဒဏ်ရာရရှိ

အာဖဂန်တွင် ယခင်ကဖြစ်ပွားခဲ့သည့် ဗုံးပေါက်ကွဲမှုတစ်ခုအားတွေ့ရစဉ် (ဆင်ဟွာ)

ကဘူးလ်၊ အောက်တိုဘာ ၆ ရက် (ဆင်ဟွာ)

အာဖဂန်နစ္စတန်နိုင်ငံ ကဘူးလ်မြို့ အရှေ့ဘက် တစ်နေရာတွင် အောက်တိုဘာ ၆ ရက်က ဗုံး ၂လုံး အချိန်ခြား၍ ပေါက်ကွဲခဲ့ရာ အနည်းဆုံး အာဖဂန် လုံခြုံရေးတပ်ဖွဲ့ဝင် ၂ဦးသေဆုံးပြီး အခြားလူ ၉ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံရဲတပ်ဖွဲ့ကပြောကြားခဲ့သည်။

ရဲတပ်အရာရှိတစ်ဦးက ဒေသစံတော်ချိန် နံနက် ရး၃၀နာရီတွင် စစ်ကားတစ်စီးကို ပစ်မှတ်ထားသည့် ဗုံးတစ်လုံးပေါက်ကွဲခဲ့ရာ လုံခြုံရေး တပ်ဖွဲ့ဝင် ၂ဦးသေဆုံးခဲ့ကြောင်း၊ အခင်းဖြစ်ပွားရာသို့ ရဲတပ်ဖွဲ့ နှင့် ကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ ရောက်ရှိလာပြီး မိနစ် ၂၀အကြာတွင် နောက်ထပ်ဗုံးတစ်လုံး ထပ်မံပေါက်ကွဲခဲ့၍ ဖြတ်သွားဖြတ်လာ ၃ဦး နှင့် ရဲအရာရှိ ၆ဦး အပါအဝင် လူ ၉ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဆင်ဟွာသို့ပြောကြားခဲ့သည်။

အဆိုပါ ဖြစ်ရပ်သည် ရဲနယ်မြေ အမှတ် ၁၂ ရှိ Shena ဒေသတွင်ဖြစ်ပွားခဲ့ပြီး ဒဏ်ရာရရှိသူများတွင် ခရိုင်ရဲချုပ်လည်း ပါရှိကြောင်း ၎င်းကပြောကြားခဲ့သည်။လွန်ခဲ့သည့် လအနည်းငယ်အတွင်း အာဖဂန်နစ္စတန်တွင် အထူးသဖြင့် ကဘူးလ်မြို့တွင် IS စစ်သွေးကြွအဖွဲ့ခွဲ များ နှင့် တာလီဘန်စစ်သွေးကြွများသည် ယခုလ အကုန်ပိုင်းလောက်တွင် ကျင်းပမည့် နိုင်ငံ၏ ကာလရှည်စွာ နှောင့်နှေးခဲ့သော ပါလီမန်ရွေးကောက်ပွဲများကျင်းပမှုကို ဆန့်ကျင်သည့်အနေဖြင့် အကြမ်းဖက်လုပ်ငန်းများ ဆက်တိုက်လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.