Connect with us

Africa & Middle East

အီရန်သမ္မတ ရိုဟာနီ မတ် ၂၇ ရက်တွင် ရုရှားသို့ သမိုင်းဝင်ခရီးစဉ် သွားရောက်မည်

အီရန်နိုင်ငံသမ္မတ ဟက်ဆန်ရိုဟာနီ အားတွေ့ရစဉ် (ဆင်ဟွာ)

တီဟီရန်၊ မတ် ၂၄ ရက် (ဆင်ဟွာ)

အီရန်နိုင်ငံသမ္မတ ဟက်ဆန်ရိုဟာနီ သည် ရုရှားနိုင်ငံသမ္မတ ဗလာဒီမာပူတင်၏ ဖိတ်ကြားချက်အရ မတ်လ ၂၇ ရက်တွင် ရုရှားနိုင်ငံ မော်စကိုမြို့သို့ တရားဝင်ခရီးစဉ်သွားရောက်မည်ဖြစ်ကြောင်း သမ္မတ၏ နိုင်ငံရေးဆိုင်ရာ ဒုတိယဝန်ထမ်းအရာရှိချုပ် က မတ် ၂၃ ရက်တွင် ကြေညာခဲ့ကြောင်း ISNA သတင်းဋ္ဌာနက ဖော်ပြခဲ့သည်။

Hamid Aboutalebi က လာမည့် ရုရှားနိုင်ငံ ခရီးစဉ် ၌ နိုင်ငံတကာ နှင့် ဒေသတွင်းဖွံ့ဖြိုးတိုးတက်မှု၊ အကြမ်းဖက်မှု အရေးကိစ္စများ အပါအဝင် နှစ်နိုင်ငံဆက်ဆံရေးကိစ္စများကိုလည်း ဆွေးနွေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ယခုရုရှား ခရီးစဉ်အား သမ္မတရိုဟာနီ၏ အရေးကြီးသော သမိုင်းဝင်အလည်အပတ်ခရီးစဉ် တစ်ခုအဖြစ် သတ်မှတ်နိုင်ကြောင်း ၎င်း၏ပြောကြားချက်ကို ကိုးကား၍ သတင်း၌ဖော်ပြခဲ့သည်။

အရှေ့အလယ်ပိုင်းတွင်ဖြစ်ပွားနေသော ပဋိပက္ခများ၊ အထူးသဖြင့် ဆီးရီးယားအရေးကိစ္စများက နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်လုပ်ဆောင်ရန် ဆောင်ကြဉ်းပေးနေကြောင်း သိရသည်။ရုရှားနိုင်ငံကလည်း လွန်ခဲ့သည့် နှစ်များတွင် ၎င်း၏ နျူကလီးယားပူးပေါင်းဆောင်ရွက်မှုနှင့် ကာကွယ်ရေးချိတ်ဆက်ဆောင်ရွက်မှုများ အဆင့်မြှင့်တင်ခြင်း အပါအဝင် စိုက်ပျိုးရေး နှင့် တယ်လီကွန်းဆက်သွယ်မှုများ အား အီရန်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.