Connect with us

Africa & Middle East

အာဖဂန် အနောက်ပိုင်းပြည်နယ်တွင် အစိုးရတပ်များ၏ တိုက်ခိုက်မှုကြောင့် စစ်သွေးကြွ ၄၇ဦးသေ၊ ၅၁ဦး ဒဏ်ရာရရှိ

အာဖဂန်နစ္စတန်နိုင်ငံ အတွင်း ရှိ တာလီဘန် စစ်သွေးကြွအချို့အားတွေ့ရစဉ် (ဆင်ဟွာ)

အာဖဂန်နစ္စတန်၊ မတ် ၂၉ ရက် (ဆင်ဟွာ)

အာဖဂန်နစ္စတန်နိုင်ငံ အနောက်ပိုင်း Farah ပြည်နယ် ရှိ တာလီဘန်စစ်သွေးကြွတို့၏ စခန်းများကို မတ်လ ၂၉ ရက်က အာဖဂန် အစိုးရတပ်များ ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့၍ လက်နက်ကိုင်စစ်သွေးကြွစုစုပေါင်း ၄၇ဦးသေဆုံးခဲ့ပြီး ၅၀ကျော် ဒဏ်ရာရရှိခဲ့ကြောင်း ပြည်နယ်ရှိ အကြီးတန်းစစ်တပ်အရာရှိ Raz Mohammad Oryakhil က ပြောကြားခဲ့သည်။

Oryakhil က Farah ပြည်နယ် Bala Block ခရိုင် ရှိ တာလီဘန်စစ်သွေးကြွတို့၏ စခန်းများအား မတ်လ ၂၉ ရက် နံနက်အစောပိုင်းက ကောင်းစွာဖွဲ့စည်းလေ့ကျင့်ထားသော အစိုးရတပ်ဖွဲ့၏ ထိုးစစ်ဆင်မှုများကြောင့် ယခုအချိန်အထိ စစ်သွေးကြွ ၄၇ဦးကို သုတ်သင်နိုင်ခဲ့ပြီး စစ်သွေးကြွ ၅၁ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဆင်ဟွာသို့ပြောကြားခဲ့သည်။

အရာရှိက သေဆုံးသူ တာလီဘန်အရေအတွက်သည် ၃၀ဦး နှင့် ဒဏ်ရာရရှိသူမှာ ၄၁ဦးဖြစ်ကြောင်း အစောပိုင်းကာလများက ပြောကြားခဲ့ပြီး Shiwan ဧရိယာရှိ တာလီဘန်တို့၏ စခန်းများကို ပစ်မှတ်ထား၍ နံနက် ၁း၀၀နာရီက စစ်ဆင်ရေးများပြုလုပ်ခဲ့ကြောင်း သိရသည်။

Farah ပြည်နယ်အနောက်ပိုင်း ရှိ Bala Block ခရိုင် နှင့် မြို့တော် Farahမြို့တို့သည် တာလီဘန်တို့၏ ခြေကုပ်ယူရာနေရာများဖြစ်ကြောင်းသိရသည်။

အဆိုပါ ဧရိယာအတွင်းမှ စစ်သွေးကြွများ အား အပြီးအပိုင်မောင်းထုတ်နိုင်သည့်အထိ စစ်ဆင်ရေးများကို ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

Farah ပြည်နယ် ရှိ တာလီဘန်စစ်သွေးကြွဘက်မှ မှတ်ချက်တစ်စုံတစ်ရာ ထုတ်ပြန်ခြင်းမရှိကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.