Connect with us

Africa & Middle East

အီရန် နိုင်ငံ က ယီမင် လက်နက်ကိုင် အဖွဲ့အစည်း မှ ဆော်ဒီ နိုင်ငံမြို့တော် သို့ ပစ်ခတ် ခဲ့သည့် ဒုံးကျည် ကို မထောက်ပံ့ခဲ့ကြောင်း ပြောကြား

အီရန် နိုင်ငံ မှ ထုတ်လုပ်သည့် ဒုံးကျည် တစ်စင်းအား မြင်တွေ့ရစဉ်(ဆင်ဟွာ)

တီဟီရန် ၊ နိုဝင်ဘာ ၇ ရက် (ဆင်ဟွာ)

အီရန် နိုင်ငံ အစိုးရ က နိုဝင်ဘာ ၆ ရက်နေ့၌ ဖြစ်ပွား ခဲ့သည့် ယီမင် နိုင်ငံ လက်နက်ကိုင် တပ်ဖွဲ့ မှ ဆော်ဒီအာရေဗျ နိုင်ငံ မြို့တော် သို့ ပစ်ခတ် ခဲ့သည့် ဒုံးကျည် အား ထောက်ပံ့ခဲ့ခြင်း မရှိကြောင်း ငြင်းပယ်ချက် ပြုလုပ် ခဲ့သည်။

အီရန် နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ က သတင်းစာရှင်းလင်းပွဲ တွင် ယခုကဲ့သို့ စွပ်ဆွဲခြင်း သည် တာဝန်ယူမှု ကင်းမဲ့သော ၊ ရန်လိုသော ၊ အဓိပ္ပါယ် မရှိသော လုပ်ဆောင်မှု ဖြစ်ကြောင်း ၊ ယီမင် လက်နက်ကိုင် အဖွဲ့အစည်း မှ ဆော်ဒီအာရေဗျ နိုင်ငံ သို့ ဒုံးကျည် ဖြင့် တိုက်ခိုက်ခဲ့ခြင်း သည် သီးခြား ဖြစ်စဉ် တစ်ခု ဖြစ်ပြီး မည်သည့် နိုင်ငံ နှင့် မှ ပတ်သက်ဆက်နွယ်မှု မရှိကြောင်း ၊ ဆော်ဒီအာရေဗျ နိုင်ငံ မှ သက်သေ အထောက်အထား မရှိဘဲ စွပ်ဆွဲမှု များ ကို ရပ်တန့်စေလိုကြောင်း ပြောကြား ခဲ့သည်။

ယီမင် နိုင်ငံ လက်နက်ကိုင် တပ်ဖွဲ့ က နိုဝင်ဘာလ ၄ ၌ ဆော်ဒီအာရေဗျ နိုင်ငံ ရီးယော့ဒ် အပြည်ပြည်ဆိုင်ရာ လေဆိပ် သို့ ဒုံးကျည် တစ်စင်း ဖြင့် တိုက်ခိုက်မှု ဆောင်ရွက်ခဲ့သည်။ ယင်းဒုံးကျည်အား ဆော်ဒီအာရေဗျ နိုင်ငံ လေတပ် မှ အောင်မြင်စွာ တားဆီး ကာကွယ် နိုင်ခဲ့ပြီး လူ နှင့် ငွေကြေး ဆုံးရှုံးမှု မဖြစ်ပွား ခဲ့ကြောင်း ၊ အဆိုပါ တိုက်ခိုက်မှု သည် Houthis လက်နက်ကိုင် တပ်ဖွဲ့ မှ ပထမ ဦးဆုံးအကြိမ် ဆော်ဒီအာရေဗျ နိုင်ငံ သို့ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိခဲ့ရသည်။

ဆော်ဒီအာရေဗျ နိုင်ငံ ဦးဆောင်သော မဟာမိတ်တပ်ဖွဲ့သည် နိုဝင်ဘာ ၅ ရက်နေ့၌ အီရန် နိုင်ငံ မှ ယီမင် လက်နက်ကိုင် အဖွဲ့အစည်း ထံသို့ လက်နက်များ ပေးပို့မှု ကို ကာကွယ်ရန် အတွက် ယီမင် နိုင်ငံ သို့ ဝင်ရောက် နိုင်သော ကုန်း ၊ ရေ ၊ လေ လမ်းကြောင်း အားလုံး ကို ပိတ်ဆို့ ခဲ့ကြသည်။

ဆော်ဒီအာရေဗျ နိုင်ငံပိုင် သတင်းဌာန ၏ သတင်း ထုတ်ပြန်ချက်တွင် စစ်ဘက် ဆိုင်ရာ ပညာရှင် များက ပစ်ခတ်ခဲ့သည့် ဒုံးကျည် အပိုင်းအစ များကို လေ့လာခဲ့ရာ အီရန် နိုင်ငံ မှ ပြုလုပ်ခဲ့သည့် ဒုံးကျည် ဖြစ်သည် ကို တွေ့ရှိ ခဲ့ရကြောင်း ပါဝင် ခဲ့သည်။၂၀၁၄ ခုနှစ် စက်တင်ဘာ လပိုင်း တွင် ယီမင် Houthis လက်နက်ကိုင် တပ်ဖွဲ့ မှ ယီမင် နိုင်ငံ မြို့တော် ကို သိမ်းပိုက် ခဲ့ပြီး နောက် ယီမင် နိုင်ငံ တောင်ပိုင်း ဒေသ ကို သိမ်းပိုက် ခဲ့သဖြင့် သမ္မတ Abdrabbuh Mansur Hadi က ဆော်ဒီအာရေဗျ နိုင်ငံ သို့ တိမ်းရှောင် ခဲ့ရသည်။ ၂၀၁၅ ခုနှစ် မတ်လပိုင်း တွင် ဆော်ဒီအာရေဗျ နိုင်ငံ ဦးဆောင်သည့် မဟာမိတ်တပ်ဖွဲ့သည် Houthis လက်နက်ကိုင် တပ်ဖွဲ့ အား တိုက်ခိုက်သည့် စစ်ဆင်ရေး ကို စတင်ခဲ့ကြောင်း သိရှိခဲ့ရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.