Connect with us

Africa & Middle East

အီရတ် နိုင်ငံ မြောက်ပိုင်း ဒေသတွင် အသေခံ ဗုံးခွဲ တိုက်ခိုက်မှု ဖြစ်ပွား ခဲ့ရာ လူပေါင်း ၅ ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရရှိ

အီရတ် နိုင်ငံ မြောက်ပိုင်း Kirkuk မြို့ တွင် ဗုံးခွဲ တိုက်ခိုက်မှု ဖြစ်ပွား ခဲ့သည့် ကို မြင်တွေ့ရစဉ်(ဆင်ဟွာ)

ဘဂ္ဂဒက် ၊ နိုဝင်ဘာ ၆ ရက် (ဆင်ဟွာ)

နိုဝင်ဘာ ၅ ရက်နေ့၌ အီရတ် နိုင်ငံ မြောက်ပိုင်း Kirkuk မြို့တွင် အသေခံ ဗုံးခွဲတိုက်ခိုက်မှု ဖြစ်ပွား ခဲ့ရာ လူပေါင်း ၅ ဦး သေဆုံးခဲ့ပြီး ၁၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း အီရတ် နိုင်ငံ ရဲတပ်ဖွဲ့ က ထုတ်ပြန်ကြေညာ ခဲ့သည်။

ရဲတပ်ဖွဲ့ဝင် တစ်ဦး က ဆင်ဟွာ သတင်းဌာန သို့ ပြောကြား ခဲ့ရာတွင် နိုဝင်ဘာ ၅ ရက်နေ့ ညနေပိုင်း အချိန်တွင် Kirkuk မြို့လယ်ပိုင်းတွင် အသေခံ ဗုံးခွဲတိုက်ခိုက်သူ နှစ်ဦး သည် ရှီးအိုက် အရပ်ဘက် လက်နက်ကိုင် အဖွဲ့အစည်း တည်ရှိရာ ဒေသများတွင် ခန္ဓာကိုယ် တွင် တပ်ဆင်ထားသည့် ဗုံးများကို ဖောက်ခွဲခဲ့ကြောင်း ၊ သေဆုံး ဒဏ်ရာရရှိသူ စာရင်းသည် ပိုမို မြင့်တက် လာနိုင်ကြောင်း သိရှိခဲ့ရသည်။

လက်ရှိချိန်ထိ အီရတ် နိုင်ငံ မြောက်ပိုင်း Kirkuk မြို့ တွင် ဖြစ်ပွား ခဲ့သည့် အသေခံ ဗုံးခွဲ တိုက်ခိုက်မှု နှင့် ပတ်သက်၍ မည်သည့် အဖွဲ့အစည်း ကမှ ပြုလုပ်ကြောင်း ကြေညာခြင်း မရှိဟု သိရှိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.