Africa & Middle East
အီရန် သမ္မတ ရွေးကောက်ပွဲ စတင်ကျင်းပ
ဆီဟီရန်၊ မေ ၁၉ ရက် (ဆင်ဟွာ)
အီရန်နိုင်ငံ သမ္မတ ရွေးကောက်ပွဲအား မေလ ၁၉ ရက် ဒေသစံတော်ချိန် နံနက် ၈း၀၀ နာရီအချိန်၌ နိုင်ငံ၏ အကြီးအကဲ ခေါင်းဆောင် အယတ်တိုလာ အလီ ခါမေနီ (Ayatollah Ali Khamenei) က စတင်ကာ မဲပေးခဲ့ပြီးနောက် ရွေးကောက်ပွဲ ဆန္ဒမဲပေးခြင်းကို စတင်လိုက်ကြောင်း သိရသည်။
အီရန် နိုင်ငံသားများကိုလည်း ဆန္ဒမဲပေးကြရန် ခါမေနီက အစောဆုံး အချိန်၌ပင် တိုက်တွန်းခဲ့သည်။
သမ္မတ ရွေးကောက်ပွဲသည် အစ္စလာမ် သမ္မတနိုင်ငံအတွက် အရေးကြီးကြောင်းနှင့် ယင်းအချက်ကို ပြည်သူများ အနေဖြင့် ဂရုပြုသင့်ကြောင်း ရုပ်သံ တိုက်ရိုက် ထုတ်လွှင့်မှု တစ်ခု၌ ခါမေနီက ပြောကြားခဲ့သည်။ (Xinhua)