Connect with us

Africa & Middle East

ရန်ပွဲတွင် တူရကီ လူငယ် တစ်ဦး အသတ်ခံရပြီးနောက် နိုင်ငံအတွင်းရှိ နိုင်ငံခြားသား ၃၀၀ အား အစ္စတန်ဘူလ် နှင်ထုတ်

တူရကီနိုင်ငံရှိ အဓိကရုဏ်း နှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်များအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

အစ္စတန်ဘူလ်၊ မေ ၁၇ ရက် (ဆင်ဟွာ)

တူရကီနိုင်ငံသား လူငယ် တစ်ဦး အသတ်ခံခဲ့ရပြီးနောက် အစ္စတန်ဘူလ်၏ စူတန်ဂါဇီခရိုင်တွင် နေထိုင်သော နိုင်ငံခြားသား ၃၀၀ ကျော်ကို နှင်ထုတ်လိုက်ကြောင်း ဒေသခံ မီဒီယာများက မေလ ၁၇ ရက်၌ သတင်း ဖော်ပြထားသည်။

မြို့အတွင်းရှိ တရားမဝင် ရွှေ့ပြောင်းလာသည်ဟု ယူဆရသော အာဖဂန်၊ ပါကစ္စတန်နှင့် ဆီးရီးယားနိုင်ငံသားများကို ညတွင်းချင်းပင် ယာယီ တည်းခိုရာ နေရာများသို့ ပို့ဆောင်ခဲ့ကြောင်းနှင့် စာရွက်စာတမ်း စစ်ဆေးမှုများ လုပ်ဆောင်ပြီးပါက အစ္စတန်ဘူလ်ပြင်ပရှိ ဒုက္ခသည် စခန်းများသို့ ပို့ဆောင်မည်ဟု မျှော်လင့်ရကြောင်း Milliyet နေ့စဉ် သတင်းစာက ရေးသားထားသည်။

မေလ ၁၆ ရက်ညပိုင်းက တူရကီနိုင်ငံသား ဒေသခံများနှင့် အာဖဂန်၊ ဆီးရီးယား နိုင်ငံသားအဖွဲ့ တစ်ဖွဲ့တို့ ရန်ဖြစ်ကြရာတွင် အသက် ၂၄ နှစ်အရွယ် တူရကီ လူငယ် ရာမန်ဇန်ဆာဟင် သေဆုံးခဲ့ပြီးနောက် စုတန်ဂါတွင် ယခုလို တင်းမာမှု မြင့်တက်လာခဲ့ခြင်း ဖြစ်သည်။

မေလ ၁၆ ရက်တွင် ထိုဒေသအနီးတစ်ဝိုက်သို့ လူငယ်များ ရောက်ရှိလာကာ အာဖဂန် အမျိုးသား တစ်ဦးအား တုတ်များဖြင့် ရိုက်ခဲ့ကြောင်း၊ ရဲများက လူစုကွဲစေရန် ကျည်တုများဖြင့် ခြောက်လှန့် ပစ်ခတ်ခဲ့ကြောင်း သိရသည်။

ယင်း နယ်မြေတွင် အဓိကရုဏ်း နှိမ်နင်းရေး ရဲများက စောင့်ကြပ်နေသလို လက်နက်ကိုင် မော်တော်ယာဉ်များဖြင့် ကင်းလှည့်ခြင်းများ လုပ်ဆောင်နေရကြောင်း သတင်းဖော်ပြချက်များအရ သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.