Africa & Middle East
အီရန် အနောက်မြောက်ပိုင်းတွင် ရေကြီး၊ လူ ၁၈ ဦး သေဆုံး

တီဟီရန်၊ ဧပြီ ၁၅ ရက် (ဆင်ဟွာ)
အီရန်နိုင်ငံ အနောက်မြောက်ဘက်ရှိ အဇာဘိုင်ဂျန်ပြည်နယ် အရှေ့ပိုင်းတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် အနည်းဆုံး လူ ၁၈ ဦး သေဆုံးခဲ့ကြောင်း နိုင်ငံပိုင်း ရုပ်မြင်သံကြားမှ ဧပြီလ ၁၅ ရက်တွင် သတင်း တင်ပြခဲ့သည်။
မကြုံစဖူး ရေဖုံးလွှမ်းမှုကြောင့် လူ ၁၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း အီရန်နိုင်ငံ ဆေးဘက်ဆိုင်ရာ အရေးပေါ် ဝန်ဆောင်မှု စင်တာ အကြီးအကဲ Pir-Hossein Koulivand က ပြောသည်။
ဧပြီလ ၁၄ ရက်တွင် စတင်ခဲ့သည့် မိုးရွာသွန်းမှုမှာ နှစ်ပေါင်း ၄၀ အတွင်း အကြီးမားဆုံး ဖြစ်ကြောင်း Press TV အရ သိရသည်။
သတင်းတင်ပြချက်များအရ ဆယ်စုနှစ်များအတွင်း Azar-Shahr ရှိ မြစ်များအတွင်း မြစ်ရေလယ်ဗယ်မှ အမြင့်ဆုံး ဖြစ်ခဲ့သလို အဇာဘိုင်ဂျန်ပြည်နယ်ရှိ Ajab-Shir နှင့် Azar-Shahr ဒေသများတွင် သဘာဝဘေးအန္တရာယ်အဆင့်ထက် ကျော်လွန်ခဲ့ကြောင်း သိရသည်။ (Xinhua)