Connect with us

Africa & Middle East

အေဂျင်ပင်လယ်တွင် လှုပ်ခတ်ခဲ့သော ငလျင်ကြောင့် တူရကီနိုင်ငံတွင် သေဆုံးသူ ၉၂ ဦး ထိ မြင့်တက်လာ

တူရကီနိုင်ငံ အနောက်ပိုင်း Izmirပြည်နယ်တွင် ငလျင်လှုပ်ခတ်မှုအပြီး ရှာဖွေကယ်ဆယ်မှုများ ပြုလုပ်နေသည်ကို အောက်တိုဘာ ၃၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

အစ္စတန်ဘူလ်၊နိုဝင်ဘာ ၃ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး

အေဂျင်ပင်လယ်တွင် လှုပ်ခတ်ခဲ့သော ငလျင်ကြောင့် တူရကီနိုင်ငံတွင် နိုဝင်ဘာ ၂ ရက် ညပိုင်းအချိန်ထိ သေဆုံးသူ ၉၂ ဦး ထိ မြင့်တက်လာပြီး ဒဏ်ရရသူ ၉၉၄ ဦး ရှိကြောင်း တူရကီဘေးအန္တရာယ်နှင့်အရေးပေါ်စီမံခန့်ခွဲမှုဌာန(AFAD)က ယင်းနေ့တွင် ပြောကြားခဲ့သည်။

လက်ရှိ ကယ်ဆယ်ရေးအဖွဲ့ဝင် ၈,၀၀၀ နီးပါး၊ ရှာဖွေရေး ခွေး ၂၅ ကောင်၊ မော်တော်ယာဉ် ၁ ထောင်ကျော်သည် ငလျင်ဒဏ်သင့်ဒေသ အပျက်အစီးများအကြား အသက်ရှင်ကျန်ရစ်သူများကို ရှာဖွေကူညီကယ်ဆယ်မှုများ ဆောင်ရွက်နေဆဲဖြစ်ကြောင်း AFADက အောက်တိုဘာ ၂ ရက်တွင် ပြောကြားခဲ့သည်။

တူရကီနိုင်ငံ အနောက်ပိုင်း Izmirပြည်နယ်တွင် ငလျင်လှုပ်ခတ်မှုအပြီး ရှာဖွေကယ်ဆယ်မှုများ ပြုလုပ်နေသည်ကို အောက်တိုဘာ ၃၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ငလျင်လှုပ်ခတ်ပြီး ၆၅ နာရီအကြာတွင် အပျက်အစီးအများအောက်၌ ပိတ်မိနေသည့် အသက် ၃ နှစ်အရွယ် ကလေးမလေးနှင့် ၎င်း၏အမနှစ်ယောက်ကို ရှာဖွေကယ်ဆယ်ရေးအဖွဲ့ဝင်များက ကယ်ဆယ်နိုင်ခဲ့ကြောင်း ဒေသခံမီဒီယာများ ဖော်ပြခဲ့သည်။ တူရကီနိုင်ငံ ကျန်းမာရေးဝန်ကြီး Fahrettin Kocaက လက်ရှိ ကလေး ၃ ဦး၏ ကျန်းမာရေးအခြေအနေ ကောင်းမွန်ကြောင်း ဆိုသည်။

တူရကီနိုင်ငံ အနောက်ပိုင်း Izmirပြည်နယ်တွင် ငလျင်လှုပ်ခတ်မှုအပြီး ရှာဖွေကယ်ဆယ်မှုများ ပြုလုပ်နေသည်ကို အောက်တိုဘာ ၃၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

Izmirပြည်နယ်သည် ငလျင်ဒဏ် အဆိုးဆုံးခံရသည့် ဒေသဖြစ်ရာ ပြည်နယ်အတွင် ဒါဇင်နှင့်ချီသော အဆောက်အဦများ ပြိုကျ ပျက်စီးခဲ့သည်။ ငလျင်ဒဏ်သင့်နေရာရှိ အဆောက်အဦများ၏အခြေအနေကို ပညာရှင်များက အကဲဖြတ်လျက် ရှိကြောင်း၊ နေအိမ်ဆုံးရှုံးသွားသူများကို ထောက်ပံ့ကြေးများ ပေးသွားမည်ဖြစ်ကြောင်း တူရကီ သဘာပတ်ဝန်းကျင်နှင့် မြို့ပြစည်ပင်ဝန်ကြီးဌာန ဝန်ကြီး Kurumက ဆိုသည်။

AFAD၏ ဖော်ပြချက်များအရ တူရကီနိုင်ငံ အနောက်ပိုင်း အေဂျင်ပင်လယ်ပြင်တွင် အောက်တိုဘာ ၃၀ ရက်က ပြင်းအား ၆.၆ အဆင့် အင်အားပြင်းငလျင်သည် မြေအောက်အနက် ၁၆.၅ ကီလိုမီတာကို ဗဟိုပြုလှုပ်ခတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။တူရကီနိုင်ငံသည် ငလျင်မကြာခဏ ဖြစ်ပွားရာနေရာတွင် တည်ရှိသည်။၁၉၉၉ ခုနှစ်တွင် တူရကီနိုင်ငံ အနောက်မြောက်ပိုင်းဒေသ၌ ပြင်းအား အဆင့် ၇ ကျော် ငလျင် နှစ်ကြိမ်လှုပ်ခတ်ခဲ့မှုကြောင့် လူပေါင်း ၁ သောင်း ၈ ထောင် ကျော် သေဆုံးခဲ့သည်။ ၂၀၁၁ ခုနှစ်တွင် တူရကီနိုင်ငံ အရှေ့ပိုင်း Vanပြည်နယ်၌ ပြင်းအား ၇.၂ အဆင့် ငလျင် လှုပ်ခတ်မှုကြောင့် လူပေါင်း ၆၄၄ ဦး သေဆုံးခဲ့သည်။ ယခုနှစ် ဇန်နဝါရီတွင် တူရကီနိုင်ငံ အရှေ့ပိုင်း Elâzığ ပြည်နယ်၌ ပြင်းအား ၆.၅ အဆင့် ငလျင်လှုပ်ခတ်မှုကြောင့် လူပေါင်း ဒါဇင်နှင့်ချီသေဆုံးခဲ့ကြောင်း သိရသည်။ (Xinhua)
  

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.