Connect with us

Africa & Middle East

အေဂျီယံပင်လယ်တွင် လှုပ်ခတ်ခဲ့သော ငလျင်ကြောင့် တူရကီနိုင်ငံတွင် လူ ၁၂ ဦး သေဆုံးပြီး ၄၃၈ ဦး ဒဏ်ရာရ

တူရကီနိုင်ငံ Izmir ပြည်နယ်တွင် ငလျင်လှုပ်ခတ်ပြီးနောက် ပြိုကျနေသည့် အဆောက်အအုံတစ်ခု၌ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေစဉ် (ဓာတ်ပုံ- Aydin Cetinkaya/Xinhua)

အစ္စတန်ဘူလ်၊ အောက်တိုဘာ ၃၁ ရက် (ဆင်ဟွာ)

တူရကီနိုင်ငံ အနောက်ပိုင်း Izmir ပြည်နယ်တွင် အောက်တိုဘာ ၃၀ ရက်က အင်အားပြင်း ငလျင်တစ်ခု လှုပ်ခတ်ခဲ့ပြီး လူ ၁၂ ဦးထက်မနည်းသေဆုံးကာ ၄၃၈ ဦး ဒဏ်ရာရရှိခဲ့ကြောင်း တူရကီနိုင်ငံ သမ္မတ ရီဆက် တေရစ် အာဒိုဂန် (Recep Tayyip Erdogan) က ပြောကြားခဲ့သည်။

အဆောက်အအုံ ၁၇ ခု၏ အပျက်အစီးများကြားတွင် ရှာဖွေရေးနှင့် ကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်နေဆဲဖြစ်ကြောင်း အာဒိုဂန်က အစ္စတန်ဘူလ်မြို့၌ ရုပ်သံမိန့်ခွန်းမှတစ်ဆင့် ပြောကြားခဲ့သည်။

တူရကီနိုင်ငံ အနောက်ပိုင်း Izmir ပြည်နယ် အပြင်ဘက် အေဂျီယံပင်လယ်ပြင်တွင် ဂရင်းနစ်စံတော်ချိန် ၁၁:၅၀ နာရီခန့်က ပြင်းအား ၆.၆ အဆင့်ရှိပြီး မြေအောက်အနက် ၁၆.၅၄ ကီလိုမီတာနှင့် Seferihisar ခရိုင်ပြင်ပ ၁၇.၂၆ ကီလိုမီတာကို ဗဟိုပြု၍ အင်အားပြင်းငလျင်တစ်ခု လှုပ်ခတ်ခဲ့သည်။

အဆိုပါ ငလျင်လှုပ်ခတ်ပြီးနောက် ဂရိနိုင်ငံ ဝန်ကြီးချုပ် Kyriakos Mitsotakis နှင့် တူရကီနိုင်ငံ သမ္မတတို့ တယ်လီဖုန်းဖြင့် ဆက်သွယ်ပြောကြားခဲ့ကြောင်း၊ ယင်းငလျင်ဒဏ်ကို ဂရိနိုင်ငံလည်း ခံစားခဲ့ရကြောင်း တူရကီနိုင်ငံ သမ္မတရုံးက ပြောခဲ့သည်။
“အာဒိုဂန်နှင့် Mitsotakis တို့ အမြန်ဆုံးပြန်လည်နာလန်ထူနိုင်ရေးအတွက် အပြန်အလှန်ဆန္ဒပြုခဲ့ကြတယ်” ဟု သမ္မတရုံးက ထုတ်ပြန်ချက်တွင် ကြေညာခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.