Africa & Middle East
၂ဝ၁၆ ခုနှစ် ယူအေအီးပို့ကုန် ၅ ရာခိုင်နှုန်းမြင့်တက် ၊ အမေရိကန်ဒေါ်လာ ၃၅၄.၂၂ သန်းအထိ ရှိလာ
ဒူဘိုင်း ၊ စက်တင်ဘာလ ၁၂ ရက် (ဆင်ဟွာ)
အာရပ်စောဘွားများပြည်ထောင်စု(ယူအေအီး) နိုင်ငံ စီးပွားရေးဝန်ကြီးဌာန ဝန်ကြီးက ၂ဝ၁၆ ခုနှစ်တွင် နိုင်ငံ၏ ပို့ကုန်တန်ဖိုးသည် ယူအေအီးငွေ ဒိုင်ယာဟမ်းစ် ၁.၃ ထရီလီယံ ( အမေရိကန်ဒေါ်လာ ၃၅၄.၂၂ သန်း) အထိ ရှိကြောင်း နှင့် ယခင်နှစ်ကထက် ၅ ရာခိုင်နှုန်း တိုးတက်လာခဲ့ကြောင်း နိုင်ငံပိုင် WAM သတင်းစာက ရေးသားဖော်ပြသည်။
အဆိုပါ ပင်လယ်ကွေ့နိုင်ငံ၏ ပို့ကုန်တန်ဖိုးတွင် တရုတ်နိုင်ငံ၏ ခေတ်သစ်ပိုးလမ်းမ နှင့် နိုင်ငံတကာလေကြောင်း ပို့ဆောင်ရေးကဏ္ဍ များလည်း အဓိကပါဝင်လျက်ရှိကြောင်း သိရသည်။
၂ဝ၁၅ ခုနှစ် နှစ်ဆန်းပိုင်းတွင် ယူအေအီးနိုင်ငံ စီးပွားရေးဝန်ကြီး ဆူလတန် Al-Mansouri က ရေနံအဓိကတင်ပို့ရောင်းချနေသည့် ၎င်းတို့နိုင်ငံအနေဖြင့် လာမည့် ဆယ်နှစ်အတွင်း ဟိုက်ဒရိုကာဗွန်လုပ်ငန်း၏ ရှယ်ယာကို လက်ရှိ ရှိနေသော ၂၉ ရာခိုင်နှုန်းမှ ၁၉ ရာခိုင်နှုန်းအထိ ဂျီဒီပီ၌ လျှော့ချနိုင်အောင် ကြိုးပမ်းသွားမည်ဟု ပြောဆိုထားသည်။
အမေရိကန်နိုင်ငံ ဝါရှင်တန်မြို့အခြေစိုက် နိုင်ငံတကာငွေကြေးအဖွဲ့ကမ္ဘာ့ဘဏ်၏ ထုတ်ပြန်ချက်အရ အရှေ့အလယ်ပိုင်းနိုင်ငံများတွင် ယူအေအီးသည် အီရန်နိုင်ငံနောက် ဒုတိယမြောက် စီးပွားရေးကဏ္ဍအမျိုးအစားအစုံလင်ဆုံး ရင်းနှီးမြှုပ်နှံမှုပြု လုပ်ထားသည့် နိုင်ငံဖြစ်ကြောင်းသိရသည်။(Xinhua)