Connect with us

Africa & Middle East

ဆီးရီးယား စစ်လေယာဉ်များက Idlib ပြည်နယ်အတွင်းရှိ သူပုန်အဖွဲ့ဝင် ၂၄ ဦးကို သုတ်သင်

ဆီးရီးယားနိုင်ငံ၌ စက်တင်ဘာလ ၁ဝရက်က သူပုန်များထိန်းချုပ်ထားရာIdlib ပြည်နယ်အတွင်းရှိ ဈေးအား လေကြောင်းမှ တိုက်ခိုက်မှု အပြီးတွေ့ရစဉ် (ဆင်ဟွာ)

ဒမတ်စကပ်စ် ၊ စက်တင်ဘာလ ၁၁ ရက် (ဆင်ဟွာ)

ဆီးရီးယားနိုင်ငံ အနောက်မြောက်ပိုင်းရှိ Idlib ပြည်နယ်၌ စက်တင်ဘာလ ၁ဝ ရက်တွင် ဆီးရီးယားတပ်ဖွဲ့ဝင်များ၏ လေကြောင်း တိုက်ခိုက်မှုဖြင့် သူပုန်တပ်သား ၂၄ ဦး သေဆုံးသွားကြောင်း စောင့်ကြည့်အကဲခတ်ရေးအဖွဲ့က ဆိုသည်။

အဆိုပါ လေကြောင်းတိုက်ခိုက်မှုများသည် Jaish al – Fateh (သို့မဟုတ်) အောင်နိုင်ရေးစစ်တပ် ဟု အမည်ပေးထားသည့် သူပုန်တပ်ဖွဲ့ဝင်များ အဓိက သိမ်းပိုက်ထားရာ Jisr al-Shughour နယ်မြေတွင်ဖြစ်ပေါ်ခဲ့ကြောင်း နှင့် Idlib ပြည်နယ်အတွင်းရှိ ပစ်မှတ်များစွာကို လည်း တိုက်ခိုက်ခဲ့ကြောင်း ဆီးရီးယားလူ့အခွင့်အရေးစောင့်ကြည့်လေ့လာရေးအဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။
ဆီးရီးယားတပ်ဖွဲ့ဝင်များသည် မကြာသေးမီက Latakia ကမ်းခြေမြို့ကိုသိမ်းပိုက်နိုင်ခဲ့ပြီး သူပုန်တပ်ဖွဲ့ဝင်များအဓိက တပ်စွဲထားသည့် Jisr al-Shughour မြို့အား ချင်းနင်းဝင်ရောက်ရန် နီးကပ်လာနေပြီ ဖြစ်သည်။
အလွန်စိုးရိမ်ဖွယ် အခြေအနေတွင် နေထိုင်နေကြရသည့် ပြည်သူအရေအတွက်မှာ အများအပြားရှိနေခြင်းကြောင့် သေဆုံးမှုနှုန်းမှာလည်း မြင့်တက်နိုင်ဖွယ်ရှိကြောင်း အင်္ဂလန်အခြေစိုက်သတင်းအဖွဲ့ကပြောကြားခဲ့သည်။
ဆီးရီးယားနိုင်ငံပိုင် SANA သတင်းတစ်ပုဒ်တွင် အိုင်အက်စ်အကြမ်းဖက်သမားများက ဒုံးကျည်ပေါင်းများစွာဖြင့် ပစ်ခတ်မှုကြောင့် နိုင်ငံအရှေ့ပိုင်းရှိ Deir al-Zour မြို့၌ လူပေါင်း ၉ ဦးသေဆုံးသွားကြောင်း ဖော်ပြထားသည်။အဆိုပါ တိုက်ခိုက်မှုများသည် ရုရှားနိုင်ငံ နှင့် အမေရိကန်နိုင်ငံတို့က ဆီးရီးယားအပစ်အခတ်ရပ်စဲရေးကို သဘောတူကြောင်း ထုတ်ဖော်ပြောဆိုပြီး တစ်ရက်အကြာတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ဆီးရီးယားနိုင်ငံတွင် အပစ်အခတ်ရပ်စဲရေးကို စက်တင်ဘာလ ၁၂ ရက် ညဦးပိုင်းတွင် စတင် ပြုလုပ်သွားရန် သဘောတူညီထားကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.