Connect with us

Africa & Middle East

နိုင်ငံတစ်ဝန်း ၇ ရက်တာ အပစ်ခတ်ရပ်စဲရေး ဆီးရီးယား စစ်တပ် ကြေညာ

လေကြောင်း တိုက်ခိုက်မှုများကြောင့် အပျက်အစီးများအကြား ကလေးငယ်နှစ်ဦးအား ချီဆောင်လာသည့် ဆီးရီးယား အမျိုးသား နှစ်ဦးအား တွေ့ရစဉ် (ဆင်ဟွာ)

ဒမတ်စကက်၊ စက်တင်ဘာ ၁၃ ရက် (ဆင်ဟွာ)

ဆီးရီးယားနိုင်ငံ တစ်ဝန်း ၇ ရက်တာ အပစ်အခတ်ရပ်စဲရေး အား ဆီးရီးယား စစ်တပ်က စက်တင်ဘာလ ၁၂ ရက် ကြေညာလိုက်ကြောင်း နိုင်ငံပိုင် သတင်းအေဂျင်စီ SANA က သတင်းဖော်ပြထားသည်။

အဆိုပါ ကြေညာချက်သည် စက်တင်ဘာလ ၁၂ ရက် ဒေသစံတော်ချိန် ည ရး၀၀ နာရီမှ စက်တင်ဘာလ ၁၉ ရက်အထိ အကျုံးဝင်မည် ဖြစ်ကြောင်း ကြေညာချက်၌ စစ်တပ်က ပြောကြားထားသည်။
အကယ်၍ သူပုန်များဘက်မှ ဖောက်ဖျက်မှု ရှိလာပါက တုံ့ပြန်သွားမည်ဟု စစ်တပ်က ပြောကြားထားသည်။
စစ်တပ်၏ အပစ်ခတ်ရပ်စဲရေး ကြေညာချက်သည် အင်အားကြီးနိုင်ငံများအကြား လတ်တလော သဘောတူညီချက် ရရှိပြီးနောက် ပေါ်ထွက်လာခြင်း ဖြစ်သည်။
အမေရိကန်နှင့် ရုရှားနိုင်ငံတို့သည် ဆီးရီးယားနိုင်ငံ တစ်ဝန်း သမိုင်းဝင် သဘောတူညီချက်တစ်ရပ်အား စက်တင်ဘာလ ၁၀ ရက်နေ့က ရရှိခဲ့ပြီးနောက် မူဆလင် အစ်ပွဲတော် အားလပ်ရက်နေ့မှ စတင်မည် ဖြစ်သည်။
တစ်ပတ်ကြာ စစ်ပြေငြိမ်းခြင်းတွင် လူသားချင်း စာနာထောက်ထားမှု အကူအညီ တိုးမြှင့်ခြင်းနှင့် အကြမ်းဖက် အဖွဲ့များအား ပူးတွဲ စစ်ရေး လုပ်ဆောင်မှုများ တားမြစ်ခြင်း စသည်တို့ ပါဝင်ကြောင်း သိရသည်။
ဆီးရီးယားနိုင်ငံ တောင်ပိုင်း အလက်ပိုမြို့ အပါအဝင် စစ်တပ်ဖြင့် ဝိုင်းထားသည့် ဧရိယာများအတွင်းသို့ တိုက်ခိုက်ခြင်းနှင့် လေကြောင်း တိုက်ခိုက်ခြင်းများအားလုံး ရပ်တန့်ထားရမည် ဖြစ်သည်။
ဆီးရီးယား အစိုးရက အဆိုပါ သဘောတူညီချက်အား ကြိုဆိုကြောင်း ပြောကြားထားသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.